Top Ad unit 728 × 90

Description of Image

latest News

recent

"မြန်မာနိုင်ငံအတွင်း ဂြိုဟ်တု ဆက်သွယ်ရေးကွန်ရက် တပ်ဆင်ပေးရန် စီစဉ်"

မြန်မာနိုင်ငံအတွင်း ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက် တပ်ဆင်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KBZ ကုမ္ပဏီလုပ်ငန်းစု၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော KBZ Gateway ကုမ္ပဏီလီမိတက်မှ သိရသည်။
အဆိုပါ ကုမ္ပဏီလီမိတက်အနေဖြင့် JUPITER System နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဂြိုဟ်တု ဆက်သွယ်ရေးကွန်ရက် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

လက်ရှိ ဆောက်လုပ် အကောင်အထည်ဖော်နေဆဲဖြစ်သော အဆိုပါစီမံကိန်းတွင် JUPITER မြေပြင်စခန်းမှ gateways များဖြင့် ထိန်းချုပ်သွားမည်ဖြစ်ပြီး အဝေးထိန်းမော်နီတာစနစ်သည် Ku နှင့် C ပတ်လမ်းရှိ ဂြိုလ်တုဆက်သွယ်ရေးများနှင့် ချိတ်ဆက်ကာ လုပ်ငန်းစုများ၊ ဝယ်သူများနှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းများသို့ ဆက်သွယ် ချိတ်ဆက်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
“မြန်မာ့ တယ်လီဖုန်းဆက်သွယ်ရေး နယ်ပယ်မှာ ပိုမိုကျယ်ပြန့်တဲ့ မြန်နှုန်းမြင့် လိုင်းချိတ်ဆက်မှုနဲ့ ပင်မ ဝန်ဆောင်မှုတွေကို နိုင်ငံတစ်ဝန်းလုံး ရရှိဖို့ရည်ရွယ်ပါတယ်၊ JUPITER System ကနေ ကျွန်တော်တို့ကို ထိရောက်တဲ့ ဖြေရှင်းနည်းတွေကို ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းကနေ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ဂြိုဟ်တု ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကတစ်ဆင့် လုံးဝပြတ်တောက်မှုမရှိတဲ့ ဆက်သွယ်ရေးစနစ်ကို မကြာမီမှာ ပေးစွမ်းနိုင်တော့မှာပါ” ဟု KBZ Gatewayကုမ္ပဏီလီမိတက်၏ CEO ဖြစ်သူ Stephane Lamoureux က ပြောသည်။
Hughes Network Systems ခေါ် LLC (Hughes) သည် တစ်ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက် အဖြေရှာဖွေခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဖြစ်ပြီး ၎င်းတို့မှ ဤစနစ်အား အကောင်အထည် ဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
JUPITER System ဖြင့် ဂြိုဟ်တုချိတ်ဆက်ရေး ဝန်ဆောင်မှုများကို စတင်ထုတ်လွှင့်ပေးနိုင်ရန် စီစဉ်လျက်ရှိပြီး ဆက်သွယ်ရေးကိရိယာများကို အဆိုပါဂြိုဟ်တုမှတစ်ဆင့် ရယူအသုံးပြုနိုင်မည်ဟုသိရသည်။

Internet Journal

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
"မြန်မာနိုင်ငံအတွင်း ဂြိုဟ်တု ဆက်သွယ်ရေးကွန်ရက် တပ်ဆင်ပေးရန် စီစဉ်" Reviewed by ဇူးနစ် on 7:31 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.