Top Ad unit 728 × 90

Description of Image

latest News

recent

Galaxy Note 3 N9005 Phronesis Lollipop Custom ROM Android 5.1.1 တင်နည်း

Note 3 ဆိုတာနဲ့ Samsung ရဲ့ထုတ်ကုန်တွေထဲမှာ impressive လို့ခေါ်တဲ့
အထင်ကြီးစရာ Hardware Specification တွေကိုပိုင်ဆိုင်ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။။

ဒီဖုန်းအတွက် Phronesis Custom ROM ကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်
Android 5.1.1 Lollipop အပေါ်မှာရေးထားတာဖြစ်ပါတယ်။


Custom Rom များကိုစိတ်ဝင်စားကြတဲ့ညီအကိုတွေကတော့
အောက်ကလင့်မှာဒေါင်းလော့ရယူထားလိုက်ပါ။

လိုအပ်ချက်များ
========
၁။ ဖုန်းကို Backup ပြလုပ်ထားပါ
၂။ ဖုန်း battery 70% လောက်ရှိနေပါစေ
၃။ Samsung USB Driver ကို Install ပြုလုပ်ထားပါ
၎။ Settings > Developer options > USB Debugging ကို Enable ပေးထားပါ
၅။ သင့်ဖုန်းဟာ Root ဖောက်ထားပြီးဖြစ်ပြီး TWRP/CWM များ သွင်းထားပြီးသားဖြစ်ပါမည်။
၆။ USB Cable ကိုပဲ အသုံးပြုပါရန်။


Firmware ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ


Android 5.1.1 Lollipop Phronesis Custom ROM ZIP

Google Apps (Gapps) for Android 5.1.1 Custom ROM ZIP

How to install Custom Rom
================
၁။ ROM.ZIP and Gapps.ZIP တို့ကို Copy ကူးပြီး Internal Storage သို့ထည့်ပါ။
၂။ ကွန်ပျူတာနဲချိတ်ဆက်ထားတဲ့ကြိုးကိုဖြုတ်ပြီး ဖုန်းကိုပါဝါပိတ်လိုက်ပါ။
၃။ Recovery Mode သို့ဝင်ပါ၊ Volume Up + Home + Power တွဲနှိပ်ပါ။။
၎။ Recovery Mode တွင် “wipe data/factory reset” တို့ကိုအရင်ဦးဆုံးရှင်းပေးရပါမည်။
“wipe cache partition” ကိုရွေး Power ကီးကိုနှိပ်၍ အတည်ပြုပေးလိုက်ပါ။
“wipe Dalvik cache” ကိုရွေး Power ကီးကိုနှိပ်၍ အတည်ပြုပေးလိုက်ပါ။
၅။ “install zip from SD card” ကိုနှိပ်၊ “choose zip from sdcard” ကိုရွေး
 ROM.ZIP ကိုထပ်ရွေးပြီး Flash ပြုလုပ်ပါ။

Gapps.ZIP ဖိုင်ထည့်သွင်းနည်း
================
Gapps zip ဖိုင်ကိုထည့်သွင်းနည်းသည်လည်း အားလုံးနီးပါတူညီကြပါသည်။
အပေါ်ကနည်းအတိုင်း တစ်ဆင့်ချင်းပြုလုပ်ပေးပါ။
“install zip from SD card” ကိုနှိပ်၊ “choose zip from sdcard” ကိုရွေး
Gapps.ZIP ကိုထပ်ရွေးပြီး Flash ပြုလုပ်ပေးလိုက်ပါ။

Recovery Mode သို့ပြန်သွားပြီး Reboot System now ကိုနှိပ်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Lollipop 5.1.1. Custom Rom လေးဖြင့်လန်းနေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Galaxy Note 3 N9005 Phronesis Lollipop Custom ROM Android 5.1.1 တင်နည်း Reviewed by ဇူးနစ် on 12:06 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.