Top Ad unit 728 × 90

Description of Image

latest News

recent

LG G Flex 2 International (H995) on Android 5.1 Lollipop Root လုပ်နည်း


LG G Flex 2 ဖုန်းအတွက် International (H995) on Android 5.1 Lollipop ကို
Root လုပ်နည်းတောင်းဆိုထားတဲ့ညီအကိုအတွက်အတတ်နိုင်အောင်ရှာကြံပြီးတင်ပေးလိုက်ပါတယ်။

ဒီဖုန်းကိုတော့ Rooted image & LG Root Tool ကိုပေါင်းပြီး
Command ဖြင့် Root လုပ်ပေးရမှာဖြစ်ပါတယ်။


ကျွန်တော့အတွက်လည်းအသိတစ်ခုတိုးလာသလို တောင်းဆိုထားတဲ့
ညီအကိုအတွက်လည်းအဆင်ပြေရလေအောင်တတ်နိုင်သလောက်ကြိုးစားပေးထားပါတယ်။

Root လုပ်ရန်အတွက်လိုအပ်တာတွေကိုရယူပါ




How to Root LG G Flex 2
==================
၁။ Root လုပ်ရန်အတွက်အထက်ပါ Root ဖိုင်စသည်များကိုရယူပြီး
ဖိုင်းများကိုဖြေလိုက်ပါ၊ Rooted image ဖိုင်နဲ့ LG Root Tool ဖိုင်တို့ကို
ကွန်ပျူတာရဲ့ Desktop မှာ Folder တစ်ခုတည်းဖြင့်ထားပါ။

၂။ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။ 

၃။  rootedsystem.image ဖိုင်ကို Copy ကူးပြီး 
internal SD card ထဲမှာ Past လုပ်ပါ။ 

၎။ ဖုန်းကိုပါဝါပိတ်၊ Power Key ကိုအကြာကြီးနှိပ်ထားပါ၊ 
Sleep ဖြစ်တာမျိုးမဟုတ်ပဲ ပါဝါလုံးဝပိတ်သွားအောင် နှိပ်ထားပေးလိုက်ပါ။

၅။ Volume Up key ကိုနှိပ်ထားပြီး ဖုန်းကိုကွန်ပျူတာတွင်ချိတ်ဆက်လိုက်ပါ။

၆။ ကွန်ပျူတာတွင် USB Driver ကိုသိအောင်လုပ်ထားပါ။

၇။ ကွန်ပျူတာကီးဘုတ်မှ Shift key နဲ့ right-click တစ်ချက်ထောက်ပြီး
Open command Windows Here ဆိုတာကိုနှိပ်လိုက်ပါ။

၈။ Comand Box ပွင့်လာတဲ့အခါ အောက်ပါစာများကိုရိုက်ထည့်ပေးပြီး
Enter တစ်ချက်ခေါက်ပေးပါ။ Send_Command.exe \\.\COM

၉။ id လို့ရိုက်ထည့်ပြီး Enter ကိုထပ်ခေါက်ပါ။

၁၀။ အောက်ပါစာများကိုထပ်ရိုက်ထည့်ပါ 
dd if=/dev/block/mmcblk0 bs=8192 skip=53248 count=458752 of=/data/media/0/system.img

၁၁။ Root access ကိုအဆုံးသတ်ရန်အတွက် အောက်ပါစာများကိုထပ်ရိုက်ထည့်လိုက်ပါ။
dd if=/data/media/0/rootedsystem.img bs=8192 seek=53248 count=458752 of=/dev/block/mmcblk0

၁၂။ နောက်ဆုံး Command ကို LEAVE ဟုရိုက်ထည့်လိုက်ပါ။

(Command များကိုရိုက်ထည့်ရာတွင် အဆင်မပြေပါက Copy & Past ဖြင့်အသုံးပြုပါ)
အားလုံးပြီးရင်တော့ သင့်ဖုန်းမှာ Root access ရရှိနေပါလိမ့်မယ်။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
LG G Flex 2 International (H995) on Android 5.1 Lollipop Root လုပ်နည်း Reviewed by ဇူးနစ် on 12:39 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.