Top Ad unit 728 × 90

Description of Image

latest News

recent

LG V10 H901 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း


LG V10 H901 ဖုန်းကို TWRP သွင်းချင်တဲ့ညီအကိုတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီလအစောပိုင်းကနေထွက်ရှိထားတာပါ တင်ပေးမယ်နဲ့ အလှည့်မရောက်နိုင်ဖြစ်နေတာ
ဖုန်းအတွက် TWRP သွင်းထားပြီးသားဖြစ်နေရင်တော့ Root လုပ်ရန်အတွက် SuperSu လေးကို
Recovery ကနေ အလွယ်တကူ Flash ပေးလိုက်တာနဲ့အဆင်ပြေပါပြီ။


TWRP သွင်းရန်အတွက် လိုအပ်တာများကို ရယူပါ
ဒီဖုန်းအတွက် USB Driver ကို Motorola USB Driver ကို
ထည့်သွင်းရင်အဆင်ပြေပါတယ်။



How to install TWRP Recovery 
=====================
၁။ ဖုန်းမှာ Settings> Developer options > USB Debugging ကို enable ပေးထားပါ။

၂။ Developer options ကိုသွားပြီး enable ကို Allow oem unlock လုပ်ထားပါ။

၃။ ADB & Fastboot zip ဖိုင်ကိုဖြေထားပါ၊
Driver များထည့်သွင်းနည်းကိုသေချာအောင်ပြုလုပ်ထားပါ။

၎။ ဖုန်းကိုဝါပါပိတ်ပါ၊ Fastboot mode သို့ဝင်ရပါမည်။
 volume down + power များကို 5-6 စက္ကန့်လောက် တွဲနှိပ်ထားလိုက်ပါ။

၅။ ဖုန်းမှာ bootloader screen ကိုမြင်နေရတဲ့အခါ ကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။

၆။ ကွန်ပျူတာက ဖုန်းကိုသိပြီဆိုတာနဲ့  bootloader device သို့သွားရန်အတွက်
adb reboot bootloader: ပြီးရင် Enter ကိုခေါက်ပါ။

၇။ ADB & Fastboot ကိုဖွင့်လိုက်ပါ၊ ကွန်ပျူတာမှ Shift Key + Mouse+ Right Click တစ်ချက်ထောက်ပြီး Open Command Windows Here ဆိုတာကိုတစ်ချက်နှိပ်ပြီး
ADB Command Box ကိုဖွင့်လိုက်ပါ။

၈။ အားလုံးအသင့်အနေအထားဖြစ်ပြီဆိုရင်တော့ အောက်က Command word များကို
မှန်အောက်ရိုက်ထည့်ပေးလိုက်ပါ။ တစ်ကြောင်းရေးပြီးတိုင်း Enter ကိုတစ်ချက်ခေါက်ပြီးသွားပါ။

fastboot devices

၉။ ဒီ တစ်ခါ custom recovery ထည့်သွင်းရန် အောက်ကစာကြောင်းကိုရိုက်ထည့်ပါ။
Custom recovery ကို install ပြုလုပ်နေပါလိမ့်မယ်။

fastboot flash recovery recovery.img

၁၀။ ဒီတစ်ခါ ဖုန်းကို Recovery Mode သို့ဝင်ပေးရန်အတွက် 
ပါဝါပိတ် volume down and power keys ကို 5-6 စက္ကန့်လောက် တွဲနှိပ်ထားလိုက်ပါ။
(သို့) အောက်က command ကိုရိုက်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

fastboot boot recovery.img

၁၁။ Recovry mode တွင် Rom, Data, EFS များကို Backup ပြုလုပ်ထားလိုက်ပါ။
TWRP သွင်းရန်အတွက် အောက်ပါ command ကိုမှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။

“./fastboot flash recovery recovery.img”

အားလုံးပြီးသွားရင်တော့ သင့်ဖုန်းမှာ အောင်မြင်စွာဖြင့် TWRP သွင်းပြီးသွားပါပြီ။

LG V10 ဖုန်းကို Bootloader Unlock ပြုလုပ်နည်းကို 
အောက်ကလင့်မှာဝင်လေ့လာကြည့်လိုက်ပါ



အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
LG V10 H901 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 11:09 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.