Top Ad unit 728 × 90

Description of Image

latest News

recent

LG V10 ဖုန်းကို SuperSU v2.56 ဖြင့် အလွယ် Root လုပ်နည်း


အခုတလောနာမည်ကြီး LG V10 ဖုန်းကို Root လုပ်ချင်တဲ့ညီအကိုတွေအတွက်
SuperSU v2.56 ဗားရှင်းဖြင့် Reovery ကနေ အလွယ်တကူ Flash ပေးပြီး
Root လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီနေရာမှာ ကြိုပြောစရာလေးရှိလာတာကတော့ သင့်ဖုန်းကို
SuperSU package လေးတစ်ခုဖြင့် Root အလွယ်လုပ်နိုင်ဖို့ဆိုတာကတော့
သင့်ဖုန်းမှာ Bootloader & TWRP သွင်းထားပြီးသားဖြစ်နေပါမှ အဆင်ပြေမှာဖြစ်ပါတယ်။


ဒီလိုပြောလိုက်လို့ ဟ ဆိုပြီး နောက်မဆုတ်လိုက်ပါနဲ့ ဒီဖုန်းအတွက်
ကျနော် Bootloader ပြုလုပ်နည်း TWRP သွင်းနည်းများကို တင်ပေးထားပြီးပါပြီ။

အောက်မှာလိုအပ်ချက်များကို ရယူပြီး လေ့လာစရာမလိုကိုဆက်လေ့လာကြည့်ပါဦး

ဒီဖုန်းအတွက် USB Driver ကို Motorola USB Driver ကို
ထည့်သွင်းရင်အဆင်ပြေပါတယ်။



LG V10 H901 ဖုန်းကို TWRP ထည့်သွင်းနည်းကိုအောက်မှာလေ့လာပါ


LG V10 ဖုန်းကို Bootloader Unlock ပြုလုပ်နည်းကို 
အောက်ကလင့်မှာဝင်လေ့လာကြည့်လိုက်ပါ



How to Root LG V10 with SuperSu
====================
၁။ SuperSU package ဖိုင်ကိုဒေါင်းလော့ရယူပါ၊ 

၂။ ဒေါင်းလော့ရလာတဲ့ ဖိုင်ကို internal storage သို့ထည့်ပါ။

၃။ Custom Recovery သို့ဝင်ပါ၊ ဖုန်းကိုပါဝါပိတ်၊
 volume down and power keys ကိုတွဲနှိပ်ပါ။

၎။ backup option ထဲသို့ဝင်ပြီး System, Data, Boot, 
Recovery, EFS များကို Swipe ဖြင့် Backp ပြုလုပ်ထားလိုက်ပါ။

၅။ TWRP menu ကိုသွားပြီး "install ">SuperSU file ဖိုင်ကိုရွေးပါ။

၆။ အားလုံးအသင့်ဖြစ်ပြီးဆိုရင်တော့ Swipe ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။

၇။ Rooting process တစ်ခုကို install ပြုလုပ်နေပါလိမ့်မယ်။

၈။ အားလုံးပြီးသွားရင်တော့ "Reboot system now" ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
LG V10 ဖုန်းကို SuperSU v2.56 ဖြင့် အလွယ် Root လုပ်နည်း Reviewed by ဇူးနစ် on 11:49 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.