MTK Devices အားလုံးအတွက် MTK_Android_USB_Driver နဲ့ Install ပြုလုပ်နည်း
MTK Devices ဖုန်းအားလုံးအတွက် ပြသနာလေးတစ်ခုက USB Driver ပါ ဖုန်းကို
ကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ရင် ကွန်ပျူတာက ဖုန်းကိုမသိတာမျိုးပေါ့
မိမိနားလည်ထားရမယ့်အပိုင်းက ဖုန်း barnd အားလုံးရဲ့ USB Drivers များကို
ကွန်ပျူတာတွင် Install မပြုလုပ်နိုင်ရင်ထားလိုက်ဦး မိမိစတင်ကလစ်မယ်စိတ်ကူးထားတဲ့
ဖုန်းတစ်လုံးရဲ့ အမျိုးအစားနဲ့ သူ့ရဲ့သက်ဆိုင်ရာ Driver ကိုကွန်ပျူတာတွင် ပထမဆုံး Install ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
MTK Devices အတွက်တော့ Driver ကဗားရှင်းအဟောင်းအသစ်ဆိုပြီး ထွက်ရှိထားတာရှိပါတယ်
အားလုံးသော ဗားရှင်းတွေကို Install ပြုလုပ်နည်းကတော့ ယခုကျနော်ပြပေးသွားမယ့်နည်းအတိုင်းပဲ
Install ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
ယခု ကျနော်တင်ပေးလိုက်တဲ့ MTK USB Driver တစ်ခုကိုသာ အဆင်ပြေပြေသင့်ကွန်ပျူတာမှာ
Install ပြုလုပ်ထားရင်တော့ ဘယ် MTK Device မျိုးကိုမဆို ကွန်ပျူတာက ဖုန်းကိုမသိဘူးဆိုတာမျိုး
ကင်းဝေးသွားမှာဖြစ်ပါတယ်။
Click Here to Download MTK_Android_USB_Driver
How to install MTK Android USB Driver
===========================
၁။ ဒေါင်းလော့ရလာတဲ့ zip ဖိုက်ကိုဖြေလိုက်ပါ
၂။ ကွန်ပျူတာကီးဘုတ်မှ Win + R ကိုနှိပ်ပြီး Run Box ခေါ်လိုက်ပါ။
၃။ Run Box ထဲမှာ devmgmt.msc ဆိုပြီးရိုက်ထည့်ပါ၊
ပြီးရင် Enter ကိုခေါက်လိုက်ပါ။
၎။ သို့-ကွန်ပျူတာကို Right Click တစ်ချက်ထောက်ပြီး
Manage ဆိုတာကိုနှိပ်ပြီးဝင်သွားလိုက်ပါ။
၅။ Device Manager ကိုတစ်ချက်နှိပ်ပါ။
၆။ Action>>>Add legacy hardware ကိုနှိပ်ပါ။
၇။ အောက်ပါပုံအတိုင်းဆိုရင်တော့ Next ဆိုတာကိုနှိပ်ပါ။
၈။ install the hardware that i manually select from a list (advanced)
စာတန်းပါတဲ့အနီရောင်ဝိုင်းပြထားတဲ့နေရာကိုအမှန်ခြစ်ပေးပါ။
ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။
၉။ Next ကိုပဲနှိပ်သွားလိုက်ပါ။
၁၀။ Have Disk ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။
၁၁။ Browse ဆိုတာကိုထပ်နှိပ်ပါ။
၁၂။ Driver Folder ထဲမှ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
Android _winusb ဆိုတာကို Select ပေးပြီး Open ကိုနှိပ်ပါ။
၁၃။ အောက်ကပုံအတိုင်း OK ကိုပဲနှိပ်ပါ။
၁၄။ Next ကိုထပ်နှိပ်ပေးလိုက်ပါ။
၁၅။ Next ကိုနှိပ်လိုက်ပါ။
၁၆။ Windows Security ဆိုင်ရာမေးလာတဲ့အခါ
Install this driver software anyway ဆိုတာကိုရွေးချယ်ပေးပါ။
၁၇။ Installation Process ပြီးဆုံးသွားပါပြီ Finish ကိုနှိပ်ပေးလိုက်ပါ။
How to install MTK android USB Driver
==========================
တစ်ခြား USB & ADB Driver များကိုကွန်ပျူတာတွင်
Install ပြုလုပ်နည်းကိုအောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ။
ံHow to install ADB & USB Drivers on windows

အားလုံးကိုကျေးဇူးတင်ပါတယ်
ဇူးနစ်(နည်းပညာ)
MTK Devices အားလုံးအတွက် MTK_Android_USB_Driver နဲ့ Install ပြုလုပ်နည်း
Reviewed by ဇူးနစ်
on
12:01 PM
Rating:

No comments: