Top Ad unit 728 × 90

Description of Image

latest News

recent

MTK Devices များအားလုံးအတွက် Scatter File ကိုအလွယ်တကူ ဖန်တီးနည်း

မင်္ဂလာပါ
ဒီနေ့တော့ Android ဆိုင်ရာ Software Guide ကိုအထူးလေ့လာနေကြတဲ့
ညီအကိုတွေအတွက် နာမည်ကြီး MTK Devices အားလုံးအတွက် Scatter File ကို
အလွယ်တကူဖန်တီးယူနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ယခုဖေါ်ပြပါ Android ဆိုင်ရာ နည်းပညာများကို အခြေခံသဘောများကို
နားလည်ပြီးမှသာ ပိုအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။



ဇူးနစ်(နည်းပညာ) Web & Facebook Page မှာ အမြဲတစေ အားပေးနေကြတဲ့
ညီအကိုတွေကတော့ ကျနော်တင်ပေးထားတဲ့ နေ့စဉ် Tutorial များနဲ့ Tip & Trick များကို
အဆက်မပြတ်ဖတ်ရှုလေ့လာနေခဲ့ရင်တော့ ယခုဖေါ်ပြပါနည်းပညာများသည် ပရိတ်သတ်များအား
တစ်ဆင့်ချင်း လက်တွဲခေါ်ပြသွားခြင်းလည်းဖြစ်ပါတယ်။

ကျနော်လည်းသိခဲ့သမျှ လေ့လာမိသမျှအားလုံးကို ပြန်လည်မျှဝေပေးနေခြင်းဖြစ်တာမို့
ဒီထက်မက အခြားသောနည်းပညာများကို အားလုံးအတွက် ကြိုးစားနေပါတယ်။

မိမိအသုံးပြုနေတဲ့ဖုန်းရဲ့ Firmware သည် Stock Rom Official Firmware သာများပြားပါသည်၊
အခြားသော Developer များနဲ့ ဖန်တီးမှု Custom Rom များကို ထည့်သွင်းအသုံးပြုမှုက 20% လောက်သာရှိဦးမယ်ထင်ပါတယ်။

ဒီတော့ခါ မိမိအတွက် အရေးပါပြီးအသုံးပြုနေတဲ့ ဖုန်းဟာ Virus ကြောင့်
ပဲဖြစ်ဖြစ် တစ်ခြားသော အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုမရတဲ့အခါ
Virus ကိုသတ်ကြည့်မလား၊ Factory Reset ချကြည့်ဦးမလား၊ Stock Rom Official
Firmware ကိုပြန်ရေးကြည့်ဦးမလား အဆင်ပြေသလို စိတ်ကြိုက်ကလစ်ကြည့်လိုက်ပါ၊

သင်မောနေပြီလား အဖြေရှာမရတော့ဘူးလား လက်မြောက်လိုက်ပြီးလား
 တစ်ခြားသော နည်းလမ်းကို သင်စဉ်းစားပြီးလား နောက်ဆုံးအဆင့် အဖြေကိုကော လက်လှမ်းမတွေးမိတော့ဘူးလလား စတဲ့ အမေးများစွာအတွက် အဖြေကတော့
စက္ကန့်ပိုင်းအတွက် အဖြေရှာပေးနိုင်ပါကြောင်း 100% အာမခံပါတယ်။

နဂါးနိုင်ဓားတော့မဟုတ်ပါ သွားပါများခရီးရောက်ဆိုတဲ့ မောက်ပေါက်ကျိုင်းရဲ့
ထုံးကိုနှလုံးမှုပြီး ယုံကြည်မှုဖြင့် ခရီးဆက်လျှောက်ရင် အဖြေရှာနေတဲ့သင့်အတွက်
ပန်းတိုင်ဆိုတာ အနီးလေးဖြစ်မှာပါ။

လေရှည်သွားပြီ ကဲ အရေးကြုံလာရင် အဖြေရှာနိုင်ဖို့ပေါ့ပါးပြီး သိထားရမည့်
နည်းပညာကို အောက်မှာဆက်လေ့လာကြည့်လိုက်ပါ။

Scatter File ကိုအလွယ်တကူ ဖန်တီးနည်းဆိုရာ၌ MTK Devices အတွက်အသုံးပြုနေကြတဲ့ 
MT6572, MT6577, MT6582, MT6589, MT6592, MT6595 များကို အထူးသဖြင့် 
လက်ရှိပညာရှင်များ Services သမားများ ဖုန်းကလစ်သူများ အများစုသည် MTK Devices များကိုဖန်တီးအသုံးပြုနေကြခြင်းဖြစ်ပါသည်။

Requirements: လိုအပ်ချက်
==================
Android Devices အပေါ်မူတည်ပြီး MTK chipest များနဲ့ 
USB cable & commonsense များလိုအပ်ပါမည်။

 Scatter File ကိုအလွယ်တကူ ဖန်တီးနည်း
=========================
၁။ ဖုန်းတွင် USB Debugging ကို Enable ပြုလုပ်ထားရမှာဖြစ်ပါတယ်
Settings > Developer Options > USB Debugging ဆိုပြီး Enable ပြုလုပ်ပါ။

၂။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB Driver ကို အော်ကလင့်မှာဒေါင်းလော့ရယူပါ
ADB Driver ပြုလုပ်နည်းကိုလည်း တစ်ဆက်တည်းလေ့လာပါ။

၃။ ကွန်ပျူတာအတွက်လိုအပ်မယ့် Driver ကိုထည့်သွင်းပြီးတဲ့အခါ
ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်ပေးလိုက်ပါ။

၎။ MTK Droid Tools အတွက် ဗားရှင်းအစုံကိုအောက်ကလင့်မှာရယူပါ။

MTK Droid Tool (all versions) များရယူပါ

၅။ ဒေါင်းလော့ရလာတဲ့ MTK Droid Tool ဖိုင်ကို ဖြေလိုက်ပါ။
၆။ MTK Droid Tool.exe ဖိုင်ကို ဖွင့်လိုက်ပါ၊ loading လုပ်နေတုန်းခနစောင့်နေပါ။
၇။ အောက်ပါပုံအတိုင်း Deveice information အားလုံးကိုမြင်နေရတဲ့အခါ
Blocks Map တစ်ချက်နှိပ်လိုက်ပါ။


၈။ အောက်ပါပုံအတိုင်းတက်လာတဲ့အခါ Create scatter file ကိုနှိပ်လိုက်ပါ။


၉။ အောက်ပါပုံအတိုင်း Save ပြုလုပ်ရမယ့် နေရာပေါ်လာပါလိမ့်မယ်။
 ကွန်ပျူတာရဲ့ အဆင်ပြေမယ့် နေရာကို တစ်ချက်ထောက်ပြီး Save ကိုနှိပ်ပြီး
Scatter process တစ်ခုကိုစတင်လိုက်ပါ။


၁၀။ Congratulation ပါခင်ဗျား MTK Devices များအတွက်
Scatter file ကို ဖန်တီးခြင်းကိစ္စ အောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ။

အားလုံးကိုကျေးဇူးတင်ပါတယ်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
MTK Devices များအားလုံးအတွက် Scatter File ကိုအလွယ်တကူ ဖန်တီးနည်း Reviewed by ဇူးနစ် on 8:43 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.