Top Ad unit 728 × 90

Description of Image

latest News

recent

သင့်ရဲ့ Samsung Galaxy Phone ကိုဟက်ကာတွေက ဘယ်လိုကြားဖြတ် နားထောင်နိုင်မလဲ

တကယ်လို့ စာဖတ်သူဟာ Samsung Galaxy S6 ဒါမှမဟုတ် S6 Edge ဒါမှမဟုတ် Note 4 တစ်မျိုးမျိုးကို အသုံးပြုနေတဲ့သူ တစ်ယောက်ဆိုရင် သတိထားသင့်ပါပြီ။ အဆိုပါ Samsung ဖုန်းအများစုမှာ ကျွမ်းကျင်တဲ့ ဟက်ကာတွေရဲ့ လက်ချက်ကြောင့် အသံတွေကို ကြားဖြတ်ဖမ်းယူခြင်း ခံရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။

Tokyo မြို့မှာ ပြုလုပ်ခဲ့တဲ့ Cyber လုံခြုံမှုဆိုင်ရာညီလာခံ အစည်းအဝေးမှာ နိုင်ငံအသီးသီကနေ Security ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါညီလာခံမှာ Security Researcher တွေဖြစ်တဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စမြို့သား  Daniel Komaromy နဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့သား Nico Golde နှစ်ယောက်တို့က  Samsung ရဲ့ အားနည်းချက်ကို အသီးသီးထုတ်ဖော် ပြောကြားခဲ့ပါတယ်။ နေရာဒေသမတူပေမယ့် သူတို့နှစ်ဦးရဲ့ ဖော်ပြချက်တွေက တူညီမှု့ရှိပါတယ်။




အဓိက အချက်ကတော့ Samsung Baseband Chip မှာ အားနည်းချက် ဖြစ်နေတာကို တွေ့ရပါတယ်။ End User တစ်ယောက်ဆီကိုသာ အသံတိုက်ရိုက်ရောက်စေဖို့ ပြုလုပ်ထားမှုစနစ်မှာ အားနည်းချက်ရှိနေပါတယ်။

ဟက်ကာတွေက Samsung ဟန်းဆက်နဲ့ Real Tower Base Station  ကြားမှာ အတုအယောင် Fake Tower Base Station တစ်ခု ဖန်တီးပြုလုပ်လိုက်ပါတယ်။ ဟန်းဆက်က Fake Tower Base Station ကို တကယ့်အစစ် Real Tower Base Station အဖြစ်ထင်မှတ်ပြီး ချိတ်ဆက်ပါတယ်။ ဟန်းဆက်ချိတ်ဆက်လိုက်တာနဲ့ အယောင်ဆောင်ထားတဲ့ Base Staion က ဟန်းဆက်ရဲ့ Baseband Chip ကို ၀င်ရောက်ပါတော့တယ်။ ပြီးတော့  Fake Tower Base Station ကနေ အသံပြောဆိုမှုတွေကို ကြားဖြတ်ဖမ်းယူခြင်းပြုလုပ်ပါတယ်။

အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ တိုက်ခိုက်မှုအမျိုးအစားကို Cellular MIMA (Man In Middle Attack) လို့ခေါ်ဆိုနိုင်ပြီးတော့ ဟန်းဆက် အသုံးပြုနေသူတွေအနေနဲ့လည်း သူတို့၏ဖုန်းလိုင်းတွေ ခိုးနားထောင်ခံနေရမှန်းတောင် မသိနိုင်ပါဘူး။

Koramomy ကခုလိုပြောပြထားပါတယ် “ဖုန်းခေါ်ဆိုမှုကို အပိုင်စီးနိုင်ဖို့ baseband ကိုပြုပြင်ပြောင်းလဲမှုက ပထမ ဥပမာ တစ်ခုဖြစ်ပါတယ်။ ဘယ်လိုအပိုင်စီးသလဲဆိုတော့ User တစ်ယောက်က Proxy အသုံးပြုပြီး ခေါ်ဆိုနေသလိုပါပဲ။ ကြား Proxy ကနေအသံတွေကို ဖမ်းယူရရှိနိုင်ပါတယ်”

ပညာရှင်နှစ်ယောက်မှ တိုက်ခိုက်မှုပုံစံ အသေးစိတ်ကို  Company ထံသို့ အသိပေး အကြောင်းကြားထားပြီး မသမာသူတွေထံကို မရောက်အောင် ထိန်းသိမ်းပေးထားပါတယ်။ Samsung Company အနေနဲ့ ဒီအားနည်းချက်ကို အမြန်ဆုံးပြုပြင်နိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

25-11-2015
သတင်းစီစဉ် တင်ဆက်သူ : Friday (MEHN Team)

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
သင့်ရဲ့ Samsung Galaxy Phone ကိုဟက်ကာတွေက ဘယ်လိုကြားဖြတ် နားထောင်နိုင်မလဲ Reviewed by ဇူးနစ် on 2:11 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.