Top Ad unit 728 × 90

Description of Image

latest News

recent

Windows 10 Update ကိုအသုံးပြုလိုသူများအတွက် Media Creation Tool

Windows 10 Update အသုံးပြုလိုတဲ့ညီအကိုများအတွက် Official ရဲ့
Media Creation Tool ကိုအသုံးပြုပြီး Windows 10 ကို အလွယ်တကူ
တင်ယူနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Windows 10 နဲ့ပတ်သက်လို့ Features တွေကိုတော့မပြောနေတော့ပါ
အားလုံးလည်းသိပြီးဖြစ်ကြမယ်ထင်ပါတယ်။

Media Creation Tool ဖြင့် Windows 10 ISO file တစ်ခုကိုဖန်တီးပြီး
တိုက်ရိုက် Upgrade ပြုလုပ်ယူနိုင်မှာဖြစ်ပါတယ်။


အရင်လို Windows ISO File ကိုလည်းဒေါင်းလော့ရယူစရာမလိုသလို
Boot image & USB Flash Windows လည်းဖန်တီးစရာလည်းမလိုတော့ပဲ
ဒီ Tool တစ်ခုတည်းဖြင့် Windows 10 ကို အလွယ်တကူ တင်ယူနိုင်ပါတယ်။


How to Upgrade Windows 10
===================
၁။ Media Creation Tool ကိုမိမိကွန်ပျူတာ OS အလိုက်
Official မှာဒေါင်းလော့အရင်ရယူပါ။
၂။ Media Creation Tool ကို Run ပေးလိုက်ပါ။။
၃။ အောက်ပါပုံအတိုင်းတက်လာတဲ့အခါ 
Create installation media for another PC ဆိုတာကိုရွေးပြီး Next ကိုနှိပ်ပါ။


၎။ အောက်ပါပုံအတိုင်း Language & Edition များကိုရွေးခိုင်းတဲ့အခါ 
Language နေရာမျာ English United State ကိုရွေးပါ။
Edition နေရာမှာ မိမိအသုံးပြုလိုတဲ့ Windows OS ကိုရွေးပါ။
Architecture ဆိုတဲ့နေရာမှာ မိမိကွန်ပျူတာမှာ တင်ယူလိုတဲ့ 
Windows OS ကိုရွေးချယ်ပေးလိုက်ပါ၊ ပြီးရင် Next ကိုနှိပ်လိုက်ပါ။


၅။ အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါ တကယ်လို့ USB ဖြင့် တင်ယူလိုတယ်ဆိုရင်တော့
USB ကိုကွန်ပျူတာတွင်ချိတ်ဆက်ပြီး USB Flash Driver ဆိုတဲ့ Option ကိုရွေးပေးပါ။

Windows ISO File ပဲပြုလုပ်ပြီး တိုက်ရိုက်တင်ယူမယ်ဆိုရင်တော့ 
ISO File ဆိုတဲ့ Option ကိုရွေးချယ်ပြီး Next ကိုပဲနှိပ်လိုက်ပါ။


၆။ ကျန်တဲ့ Step by Step များကိုတော့ မခက်တော့တာမို့လမ်းညွှန်အတိုင်း
တစ်ဆင့်ချင်းစီနှိပ်ပေးသွားလိုက်ရုံပါပဲ။။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Windows 10 Update ကိုအသုံးပြုလိုသူများအတွက် Media Creation Tool Reviewed by ဇူးနစ် on 1:34 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.