Top Ad unit 728 × 90

Description of Image

latest News

recent

Acer Liquid Z630 (T03) ကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း

Acer Liquid Z630 (T03) ဖုန်းအတွက် Root လုပ်နည်းကို
တောင်းဆိုထားတဲ့ညီအကိုအတွက် တင်ပေးလိုက်ပါပြီ။

ဒီဖုန်းလည်း Bootloader ကိုအရင်ဦးအမြစ်ဖြုတ်ပေးရပါမည် ပြီးတော့
Recvery ထည့်သွင်းပြီးမှ SuperSu.zip ဖိုင်ဖြင့် Root လုပ်ယူရမှာဖြစ်ပါတယ်။



လိုအပ်ချက်များ
=========
MTK Preloader Drivers installed
ADB & Fastboot Drivers installed
Knowledge about ADB & Fastboot commands

How to Unlock bootloader
=================
Unlcok ပြုလုပ်ရန်အတွက် လိုအပ်တာများကိုအောက်ကလင့်မှာရယူပါ



ADB and Fastboot ကို ၁၅ စက္ကန့် Installer ကိုကွန်ပျူတာတွင်
Install ပြုလုပ်လုပ်ပါ အောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ

အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

လိုအပ်မယ်ဆိုရင် ထပ်ပြီးလေ့လာလို့ရအောင် MTK Preloader Drivers
ထည့်သွင်းနည်းကိုအောက်ကလင့်မှာလေ့လာကြည့်ပါ

MT65xx Preloader Driver ကို Install ပြုလုပ်နည်း

ဖုန်းမှာ USB Debugging ကို Enable ပြုလုပ်ထားပါ။

ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Windows Command Prompt ကိုဖွင့်လိုက်ပါ W+R ကိုတွဲနှိပ်ပြီး 
Run Box တွင် CMD လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

Command Box ပွင့်လာတဲ့အခါ အောက်ပါစာသားကို
မှန်အောင်ရိုကထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပေးလိုက်ပါ။

adb reboot bootloader 

Fastboot mode တွင် အောက်ပါစာသားကိုထပ်ရိုက်ထည့် Enter ခေါက် 

fastboot devices

တကယ်လို့ ADB Devices အဆင်မပြေဘူးဆိုရင်တော့ USB Driver ကိုပြန်လည်စီစစ်ကြည့်ပါ
Devices သိပြီဆိုရင်တော့ အောက်ပါစာသားကိုထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

fastboot oem unlock

Unlocking ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ အားလုံးပြီးသွားရင်တော့
အောက်ပါစာသားကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချလိုက်ပါ။

fastboot reboot 

Install TWRP Recovery
================
ဒီတစ်ခါ TWRP Recovery ထည့်သွင်းရန် လိုအပ်တာများကို
အောက်မှာဒေါင်းလော့ရယူလိုက်ပါ

Download SP Flash Tool Zip

Download Here MT6735-Android-Scatter.txt file

Download Here BETA-SuperSU-v2.52.zip

ဒေါင်းလော့ရလာတဲ့ Flash Tool ကိုဖွင့်လိုက်ပါ
Scatter File ကိုတစ်ချက်နှိပ်ပြီး MT6735-Android-Scatter.txt ရွေးချယ်ပါ
ပြီးရင် Recovery နေရာမှာ အမှန်ခြစ်ပေးပြီး Flash Tool မှ
 Download ဆိုတာကိုနှိပ်ဖုန်းကိုကွန်ပျူတာဖြင့် ချိတ်ဆက်လိုက်ပါ
ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့ process တစ်ခု ရေး
သွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။


အားလုံးပြီးသွားတဲ့အခါ အောက်ပုံအတိုင်း မြင်နေရပါလိမ့်မယ်


Install SuperSu.zip
=============
ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ (ပါဝါကိုလုံးဝမဖွင့်ပါနဲ့)
SuperSU.zip ဖိုင်ကို SD Card သို့ထည့်ထားလိုက်ပါ
"Volome Down and Power" တွဲနှိပ်ပြီး TWRP Recovery Mode သို့ဝင်လိုက်ပါ။
Volume Down ကရွေးချယ်ပြီး Volume Up အတည်ပြုပေးတဲ့ခလုပ်ပါ။
 SD Card မှာ SuperSu.zip ဖိုင်ကို Install ပြုလုပ်လိုက်ပါ။
အားလုံးပြီးသွားရင်တော့ Reboot System ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ
ပြန်တာလာတဲ့အခါ သင့်ဖုန်းမှာ Supersu apk လေးမြင်နေရပါလိမ့်မယ်
Root access ကိုတော့ Root Checker ဖြစ့်စမ်းသပ်ကြည့်လိုက်ပါ။



အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Acer Liquid Z630 (T03) ကို TWRP Recovery ထည့်သွင်းပြီး Root လုပ်နည်း Reviewed by ဇူးနစ် on 8:34 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.