Top Ad unit 728 × 90

Description of Image

latest News

recent

သင့်ဖုန်း Gallery မှာ Picasa Web Albums ကြောင့်စိတ်ညစ်နေသလား ပါးပါးလေး Remove လုပ်ကြည့်မယ်

ဒီနေ့တော့ အားလုံးကြုံတွေ့ဖူးတဲ့ ပြသနာလေးတစ်ခုကို အဖြေရှာရင်း
ရေးဖြစ်သွားတဲ့ပိုစ့်လေးကိုအားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အားလုံးကြုံဖူးတယ်ဆိုပေမယ့်လည်း အများဆုံး အဖြစ်အများဆုံးကတော့
Blogger တွေများမယ်ထင်ပါတယ်၊ ကျနော်ဆို ၂၀၀၇ ခုနှစ်လောက်မှာ
 Gmail ကို စတင်အသုံးပြုဖူးတာဖြစ်ပါတယ်။



၂၀၁၂ ခုနှစ်လောက်မှာ အပျော်တမ်း Blog ဆော့ရအောင်ဆိုပြီး
အဲဒီ Gamil ကိုအသုံးဖူးတယ် နေ့စဉ် ပိုစ့်တွေတင်တယ် စာတွေနဲ့ပုံတွေ
ပူတွဲတင်တယ် မနည်းတော့တဲ့ပိုစ့်မှာ ပုံတွေများလာတော့
Google account ဖြစ်တဲ့ Gmail ကိုဖုန်းမှာ log in ပြုလုပ်ထားတုန်းက
 "Sync Picasa Web Albums" ဆိုတဲ့နေရာကို အမှန်ခြစ်ထားမိမှန်းသတိမထားမိခဲ့ဘူး
နောက်တော့ အပျော်တမ်း Blog ကိုအပြီးတိုင်စွန့်ပစ်လိုက်တော့
ဖုန်အသစ်တစ်လုံးကိုဝယ်ပြီး အဲဒီ Gamil ကို Log in ၀င်ပြီး
အသုံးပြုတော့ >>>တေပြီဆရာပဲ<<< အဟ

Blog ရေးထားခဲ့သမျှ ပုံတွေ Google ကတိုက်ရိုက်ပို့ပေးထားတာတွေအားလုံး
ဖုန်း Gallery ထဲမှာ Albums လိုက်ဝုန်းကြဲနေလိုက်ကြတာ
တော်တော်အမြင်ကပ်စရာကောင်းတယ်။

ဖျက်ပြန်တော့လည်းမရ Remove လုပ်ကြည့်တယ် ခနတော့အဆင်ပြေတယ်
ဖုန်းကို Reset ချမလား Firmware ပြန်ရေးမလား အဲဒီ အကောက်ကို ပြန်လည်
Log in လုပ်ကြမလား တန်းစီပြီးပြေးဝင်လာကြတာချည်းပါပဲ။

ကဲဒီတစ်ခါ သိသွားပြီ အဲဒီ Google ကမလိုအပ်ပဲ နာမည်တပ်
 Picasa Web Albums အားလုံးကို ဖုန်း Gallery ထဲမှအပြီးပိုင်
 သုတ်သင်လိုက်ကြရအောင်ဗျာ

ကျနော့်လိုအဖြစ်မျိုးကြုံနေကြတဲ့ညီအကိုများကတော့ အောက်ပါ
ဖြေရှင်းနည်းများကို ပုံတွေကိုကြည့်ပြီး ရှင်းထုတ်ပစ်လိုက်ကြပါခင်ဗျား

How to remove Google Photos
==================
၁။ ထမဆုံး ဖုန်းရဲ့ "Google Settings" ထဲကိုသွား “Google”
ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။


၂။ အောက်ပါပုံအတိုင်း Sync settings ရဲ့အောက်မှာ
အမှန်ခြစ်များဖြင့် sync များကိုတွေမြင်ရပါလိမ့်မယ်။

၃။ အမှန်ခြင်ပေးထားတဲ့ “Sync Google Photos” နဲ့
 “Sync Picasa Web Albums.” နေရာတွေမှာ အမှန်ခြင်းများကို ဖြုတ်လိုက်ပါ။


၎။ ဒီတစ်ခါ “Application Manager” ကိုတစ်ချက်နှိပ်ပါ။


၅။ "Gallery" ဆိုတာကိုရှာပြိး တစ်ချက်နှိပ်လိုက်ပါ။


၆။ အောက်ပါပုံအတိုင်း "clear data" ဆိုတာကိုနှိပ်ပေးပြီး
Data များကိုရှင်းထုတ်ပစ်လိုက်ပါ။


၇။ အားလုံးပြီးသွားရင်တော့ Gallery ထဲကိုသွားကြည့်လိုက်ပါ
ပုံအားလုံးပျောက်သွားပြီး albums သီးသန့်ပဲကျန်နေပါလိမ့်မယ်။
နောက်တစ်ခါ အဲဒီ Gmail ကိုထပ်ပြီးတစ်ခုခုကြောင့်အသုံးပြုမယ်
ဆိုရင်တော့ Auto Backup နေရာကိုအမှန်ခြစ်ခြုတ်ဖို့ကိုမမေ့ပါနဲ့ခင်ဗျား


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
သင့်ဖုန်း Gallery မှာ Picasa Web Albums ကြောင့်စိတ်ညစ်နေသလား ပါးပါးလေး Remove လုပ်ကြည့်မယ် Reviewed by ဇူးနစ် on 6:40 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.