Top Ad unit 728 × 90

Description of Image

latest News

recent

Huawei ဖုန်းကလစ်သူများအတွက် ဆောင်ထားသင့်တဲ့ ActivePerl 5.20.2

Huawei ဖုန်းကလစ်သူတွေအတွက် ဆောင်ထားသင့်တဲ့
Developer ဆော့ဝဲလေးတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါတယ်။

သူရဲ့အဓိပါယ်ကိုတော့ Official မှာ ဒီလိုရေးထားတယ်

ActivePerl is the leading commercial-grade
distribution of the open source Perl scripting language.

ဒီတော့ ကိုယ့်ဘာသာကိုယ်ဘာသာပြန်ကြတော့ဗျာ
ကျနော်နားမလည်ပဲ Tranlate လုပ်လိုက်ရင် လွဲနေမှာစိုးလို့

အရင်တော့ကျနော်လည်းသိပ်မကလစ်ဖြစ်ဘူး အခုမှထူးထူးဆန်းဆန်းတွေ့လို့
ဘော်ဒါတွေလည်းအသုံးပြုလို့ရအောင်ဆိုပြီး Message လာပေးတာပါခင်ဗျား


နားလည်သလိုပြောရရင်တော့ ဒီဆော့ဝဲက Android Developer တွေအတွက်
စိတ်ကြိုက်ကလစ်ဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ Professional Tool ဖြစ်မယ်ထင်ပါတယ်။

ဒီဆော့ဝဲကိုသာ ကွန်ပျူတာတွင် Install ပြုလုပ်ပြီးတဲ့နောက်မှာ Huawei ဖုန်းရဲ့
Official Firmware များကို Zip ဖြေလိုက်လို့ 'dload' Folder ထဲမှာ
Update.app ကိုတစ်စစီး ခွဲထုတ်ပစ်နိုင်ပါတယ်။

 တကယ်လို့ သင့်ဖုန်းဟာ bootloader mod ခေါ်လို့ရနေသေးတယ်ဆိုရင်တော့
 fastboot command ဖြင့် firmware တင်ယူနိုင်ပါတယ်။ ဒီနည်းဟာ dload ဖိုင်ဖြင့်
တင်လို့မရတဲ့ ဖုန်းများနှင့် sd card slot ပျက်နေတဲ့ဖုန်းများကို ကယ်တင်ပေးမှာဖြစ်ပါတယ်။

ဒီဆော့ဝဲက Windows အတွက် 32/64bit လည်းအဆင်ပြေတာဆိုတော့
Auto instller ပုံစံမျိုးဖြစ်ပါတယ် Install ပြုလုပ်နည်းကိုတော့ 5.8.7 ဗားရှင်းအဟောင်းဖြင့်တင်ပေးလိုက်ပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ 5.20.2 ဗားရှင်းလည်းဒီလိုပါပဲ
Install ပြုလုပ်နည်းကတော့ ကွဲပြားခြားနားမှုမရှိကြပါ အားလုံးတူညီကြပါတယ်။

How to insall 
=========
၁။ ဒေါင်းလော့ရလာတဲ့ ဖိုင်ကိုဖြေလိုက်ပြီး ActivePerl.exe ဖိုင်ကို
 Run ပေးလိုက်ပြီး Next ကိုဆက်နှိပ်ပါ။


၂။ အောက်ပါပုံအတိုင်း License တောင်းနေရင်
I accept the terms in the License Agreement ကိုရွေးချယ်ပြီး
Next ကိုဆက်နှိပ်သွားလိုက်ပါ။


၃။ အောက်ပါပုံအတိုင်း Components များကိုရွေးချယ်ခိုင်းနေရင်လည်း
ဘာမှထပ်လုပ်စရာမလိုပါ Next ကိုဆက်နှိပ်သွားပါ။


၎။ ExtraOptions တွေကိုရွေးချယ်ခိုင်းနေတာပါ
Next ကိုသာဆက်နှိပ်သွားလိုက်ပါ။


၅။ အောက်ပါပုံအတိုင်းတက်လာတဲ့အခါ Install ကိုထပ်နှိပ်လိုက်ပါ။


၆။ Display the release notes ဆိုတဲ့ နေရာမှ အမှန်ခြစ်လေးကိုဖြုတ်လိုက်ပြီး
Finish ကိုနှိပ်လိုက်ပါ၊ install လုပ်ခြင်းအောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ။



Click Here to Download ActivePerl 5.20.2 for Windows

Official မှာ 32/46bit ဆိုပြီးရှိပါတယ်၊ မိမိ ကွန်ပျူနဲ့ကိုက်ညီမယ့်ဟာကို
ရွေးချယ်ပြီးဒေါင်းလော့ရယူလိုက်ပါ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

Huawei ဖုန်းကလစ်သူများအတွက် ဆောင်ထားသင့်တဲ့ ActivePerl 5.20.2 Reviewed by ဇူးနစ် on 8:07 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.