Lenovo Zuk Z1 ဖုန်းကို TWRP recovery ထည့်သွင်းနည်း
Lenovo Zuk Z1 ဖုန်းကို TWRP ထည့်သွင်းချင်တဲ့ညီအကိုတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို TWRP ထည့်သွင်းနည်းကို မလေ့လာခင် bootloader ထည့်သွင်းနည်းကို
အရင်လေ့လာထားသင့်ပါတယ် အောက်မှာဝင်ကြည့်လိုက်ပါ။
Lenovo Zuk Z1 ဖုန်းကို bootloader unlock ပြုလုပ်နည်း
TWRP recovery ဖိုင်ကိုအောက်မှာရယူပါ
Click Here to Download TWRP recovery file
ကွန်ပျူတာအတွက်လိုအပ်မယ့် USB Driver ဆိုင်ရာ install ပြုလုပ်နည်းကို
အောက်ကလင့်မှာဝင်ပြီးလေ့လာကြည့်လိုက်ပါ။
အဆင်ပြေပါစေ

Universal ADB Driver ကိုကွန်ပျူတာတွင် Install ပြုလုပ်နည်း
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
How to install TWRP Recovery
==================
၁။ ဖုန်းမှာ Settings> Developer options > USB Debugging ကို enable ပေးထားပါ။
၂။ ဒေါင်းလော့ရလာတဲ့ Twrp recovery zip ဖိုင်ကိုဖြေလိုက်ပါ၊
z1.twrp.2.8.7.0.By.Breadcrust-UPDATE3.img နေရာမှာ
z1-twrp-recovery.img ဆိုပြီး Rename ပြုလုပ်ပေးလိုက်ပါ။
၃။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။
boot image ဖိုင်ကို ADB Folder ထဲမှာထည့်ထားလိုက်ပါ။
၎။ ADB & Fastboot ကိုဖွင့်လိုက်ပါ၊ ကွန်ပျူတာမှ
Shift Key + Mouse+ Right Click တစ်ချက်ထောက်ပြီး
Open Command Windows Here ဆိုတာကိုတစ်ချက်နှိပ်ပြီး
ADB Command Box ကိုဖွင့်လိုက်ပါ။
၅။ အားလုံးအသင့်အနေအထားဖြစ်ပြီဆိုရင်တော့ အောက်က Command word များကို
မှန်အောက်ရိုက်ထည့်ပေးလိုက်ပါ။ တစ်ကြောင်းရေးပြီးတိုင်း Enter ကိုတစ်ချက်ခေါက်ပြီးသွားပါ။
adb devices
adb reboot bootloader
-i 0x2b4c
fastboot -i 0x2b4c oem get-device-info
fastboot -i 0x2b4c flash recovery z1-twrp-recovery.img.img
အားလုံးပြီးသွားရင်တော့ အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ၊
fastboot reboot
သင့်ဖုန်းက Reboot ကျသွားပါလိမ့်မယ် ပြန်တက်လာတဲ့အခါ
သင့်ဖုန်းမှာ အောင်မြင်စွာဖြင့် TWRP သွင်းပြီးသွားပါပြီ။
ဇူးနစ်(နည်းပညာ)
Lenovo Zuk Z1 ဖုန်းကို TWRP recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
1:30 PM
Rating:

No comments: