Top Ad unit 728 × 90

Description of Image

latest News

recent

LG Optimus Extreme L40G ဖုန်းကို Root လုပ်နည်း

 LG Optimus Extreme L40G ဖုန်းကို Root လုပ်ချင်တဲ့
ညီအကိုတွေအတွက် သတိရတုန်းလေး တင်ပေးလိုက်ပါတယ်။

အရေးကြုံလို့ လိုက်ရှာရရင်အသင့်လေ့လာလို့ရအောင်လို့
ဒီပိုစ့်ကိုရေးပေးးလိုက်တာပါ၊ ဒီဖုန်းကိုလည်း နာမည်ကြီး
Bin4ry ရဲ့ဖန်တီးမှု bat ဖိုင်ဖြင့် One click Run ပေးလိုက်ရုံဖြင့်
အလွယ်တကူပဲ သင့်ဖုန်းမှာ Root Access ရရှိနိုင်ပါတယ်။

ဒီဖုန်းအတွက် USB Driver ကတော့ Universal Driver က Support လုပ်ပေးပါတယ်
မရှိသေးရင်တော့ Install ပြုလုပ်နည်းကိုပါ အောက်မှာလေ့လာလိုက်ပါ

Universal ADB Driver ကိုကွန်ပျူတာတွင် Install ပြုလုပ်နည်း

Download Here Root_with_Restore

Rooting Guide
===========
၁။ Settings > Developer Options > USB Debugging ကို Enable ပြုလုပ်ထားပါ
၂။ အပေါ်တွင်ပေးထားသော Root File ကိုဒေါင်းလော့ရယူလိုက်ပါ
၃။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကိုဖြေလိုက်ပြီး Desktop မှာထားပါ
၎။ Volume Down + Volume Up + Home + Power များကို 
LG logo ပေါ်လာသည်အထိ တွဲနှိပ်ထားလိုက်ပါ
ပြီးရင် ပါဝါကီးကိုလွှတ်ပေးလိုက်ပါ။
၅။ တကယ်လို့ hard reset ချခိုင်းနေရင် ချပေးလိုက်ပါ။
၆။ ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။ ကွန်ပျူတာကဖုန်းကို
သိပြီဆိုတာနဲ့ RunMe.bat ဖိုင်ကို Run ပေးလိုက်ပါ။
၅။ Rooting process တစ်ခုပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ။
Root checker လေးဖြင့် စမ်းသပ်ကြည့်လိုက်ပါ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
LG Optimus Extreme L40G ဖုန်းကို Root လုပ်နည်း Reviewed by ဇူးနစ် on 8:50 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.