Top Ad unit 728 × 90

Description of Image

latest News

recent

Meizu ဖုန်းများကို Firmware ရေးသားနည်း ကွန်ပျူတာမလို


ဟိုတစ်လောက ဒီ Meizu ဖုန်းများနဲ့ပတ်သက်ပြီး Firmware နဲ့ ကွန်ပျူတာမလိုပဲ ဖုန်းအားလုံးကို
Root အလွယ်လုပ်နည်းကိုရှင်းပြပေးခဲ့ပြီဖြစ်ပါတယ်၊ ဒီတစ်ခါတော့ Meizu ဖုန်းများကို Firmware ရေးသားနည်း
ကွန်ပျူတာမလိုတဲ့နည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ယခုလိုပြန်လည်မျှဝေပေးနေခြင်းသည် ၀ါသနာတူ ညီအကိုများ အထူးသဖြင့်
 နယ်သမားများအနေဖြင့် သင်တန်းမဖြစ်ကြ အကြောင်းကြောင်းကြောင့် အခက်အခဲဖြစ်နေကြတဲ့
ညီအကိုများအတွက်အလွယ်တကူ လေ့လာလို့ရအောင် မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။



ဒီဖုန်းအတွက် Firmware ရေးသားတော့မယ်ဟေ့ ဆိုရင်တော့ Official Rom များကိုသာ
အသုံးပြုစေချင်ပါတယ်၊ Firmware Rom များလည်း Official Web မှာသာ
တိုက်ရိုက်ဒေါင်းလော့ရယူပြီး အသုံးပြုစေချင်ပါတယ်။

လိုအပ်ချက်များ
=========
၁။ Official Firmware Rom
၁။ Battery 75%
၃။ Fly me account

Firmware ကိုဒေါင်းလော့ရယူနည်း
=====================
သိထားမှအဆင်ပြေမှာဖြစ်လို့ ဒီနည်းလမ်းကိုလည်းတစ်ပါတည်းထည့်ပေးလိုက်တာဖြစ်ပါတယ်
Firmware ဒေါင်းလော့ရယူဖို့ ကွန်ပျူတာမလိုပါ ဒါပေမယ့် မိမိအသုံးပြုနေတဲ့
 ဖုန်းရဲ့ Connection ကတော့ Firmware ကိုဒေါင်းလော့ရယူနိုင်တဲ့ ဆွဲအားတော့ရှိနေသင့်ပါတယ်၊
ဒီဖုန်းတွေရဲ့Official Rom ဟာ ဖိုင် Size 767/807 MB လောက်သာရှိတတ်ကြပါတယ်။

၁။ Firmware ဒေါင်းလော့ရန်အတွက် အောက်ပါ Official Web ကိုသွားလိုက်ပါ
အောက်ပါလိပ်စာအတိုင်း www.flyme.cn/en ဖြစ်နေမှာ English Version ဖြင့်
စိတ်ကြိုက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။


OR



၂။ အောက်ပါပုံအတိုင်း Official Web တွင် Firmware ရှာဒေါင်းရန်အတွက်
Download ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ။


၃။ အောက်ပါပုံအတိုင်း ဖုန်း Brand များကျလာပါလိမ့်မယ်


၎။ မိမိဒေါင်းလော့ရယူလိုတဲ့ဖုန်းကို တစ်ချက်နှိပ်လိုက်ပါ
ကျနော်ကတော့ Pro 5 (International)
Version Flyme OS 4.5.4 2I ကိုရွေးချယ်လိုက်ပါတယ်။

၅။ အောက်ပါပုံမှာတော့ Firmware ရဲ့ Info အပြည့်အစုံဖြစ်ပါတယ်

Flyme OS 4.5.4 2I ဆိုတာက ဖုန်းရဲ့ OS Version ကိုပြောတာပါ
734M ဆိုတာက File Size ဖြစ်ပါတယ်။
2015,12,4 ဆိုတာက Update တက်ထားတဲ့နေ့စွဲဖြစ်ပါတယ်။
Download ကတော့ Firmware ကိုဒေါင်းလော့တဲ့နေရာဖြစ်ပါတယ်။

Download ဆိုတာကိုနှိပ်လိုက်တာနဲ့ မိမိဖုန်းရဲ့ အင်တာနက်ဆွဲအား
အပေါ်မှာမူတည်ပြီး အနှေး အမြန်ဒေါင်းလော့နေပါလိမ့်မယ်။

ဒေါင်းလော့ပြီးတဲ့အခါ SD Card or Internal Storage ရဲ့
Download ဆိုတဲ့ Folder သို့ရောက်နေပါလိမ့်မယ်။

Flyme Account ဖွင့်နည်း
=================
ဒီဖုန်းအတွက် Root လုပ်ရန်ပဲဖြစ်ဖြစ် Firmware ရေးသားရန်ပဲဖြစ်ဖြစ်
သင့်မှာ Flyme account တစ်ခုသာလိုအပ်ပါတယ်။

Flyme အကောက်ဆိုတာက ဒီဖုန်းမှာပါဝင်လေ့ရှိတဲ့ Personal setting
Features တစ်မျိုးဖြစ်ပါတယ်။

Personal ဖြစ်တဲ့အတွက် လိုအပ်တဲ့အခါ log in ပြုလုပ်ပြီးတော့
မလိုအပ်တဲ့အခါ ဘယ်အချိန်မဆို Sing out ပြုလုပ်ထားနိုင်တဲ့
Spacial Features တစ်ခုဖြစ်မယ်ထင်ပါတယ်။

အဆိုပါ ဖုန်း Setting > Personal Settings Options မှာ Flyme အကောက်
တစ်ခုကိုအလွယ်တကူ Register တင်ပြီး Log in ပြုလုပ်ထားခြင်းဖြင့်
သင့်ဖုန်းကို Firmware အလွယ်ရေးသားပေးနိုင်မှာဖြစ်ပါတယ်။

ဒီတော့ ရိုးရိုးလေးတွေးကြည့်မယ်ဆိုရင်တော့ သင့်မှာအကောက်တစ်ခု
ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကျန်တဲ့ Meizu ဖုန်းအားလုံးကို
Firmware ရေးသားရန်အတွက် Flyme နေရာမှာ Log in ပြုလုပ်လိုက်ရုံပါပဲ။

မိမိမှာအကောက်တစ်ခုအသင့်ရှိမနေသေးရင်တော့ Set nickname ဆိုတာကို
နှိပ်ဝင်ပြီး Create a new account or Register a new account နေရာကို
နှိပ်ပြီး Gmail or Facebook အကောက်များဖွင့်သလို အလွယ်တကူ
Sing up ပြုလုပ်ပေးလိုက်ပါ။

မိမိအကောက်ရဲ့ Password က Strong ဖြစ်ဖို့ရအတွက်
မိမိပေးလိုက်သောက် Password ရဲ့ရှေ့ဆုံးက Password သည်
 စာလုံးအကြီး အက္ခရာတစ်ခု ဖြစ်နေခဲ့ရင်ပိုကောင်းပါသည်။

 အကောက်တစ်ခုကိုလည်း ပိုင်ဆိုင်ပြီးပြီဆိုရင်တော့ Verify
 ပြုလုပ်ရန်အတွက် Not Opone ဆိုတဲ့ နေရာကိုတစ်ချက်နှိပ်လိုက်ပါ၊


အောက်ပါပုံအတိုင်းတက်လာတဲ့အခါ Flyme အကောက်ရဲ့
Password ကိုတောင်းနေပါလိမ့်။


အကောက်အသစ်ဖွင့်ထားတဲ့ Flyme ရဲ့ Password ကို
ထည့်ပေးလိုက်ပြီး Ok ကိုနှိပ်ပေးလိုက်ပါ။


အောက်ပါပုံအတိုင်း Warning ဆိုပြီးပြနေပါလိမ့်မယ် Ok ကိုဆက်နှိပ်ပေးလိုက်ပါ။


အောက်ပါပုံအတိုင်း Please wait ဆိုပြီးပြနေပြီးတော့ ဖုန်းမှာ
Reboot တစ်ကြိမ်ကျသွားပါလိမ့်မယ်။


ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းရဲ့ Flyme အကေက်ကို Verify
 ပြုလုပ်ခြင်းအောင်မြင်ပြီးစီးလို့ Open ဆိုပြီးပြနေပါလိမ့်မယ်။


Firmware စတင်ရေးသားနည်း
===================
Firmware လည်းအဆင်ပြေပြီ Flyme Account လည်းဖွင့်ထားပြီးလို့
 Activate ဖြစ်ထားပြီးပြီဆိုရင်တော့ Firmware စတင်ရေးသားရန်အတွက် အသင့်ဖြစ်နေပါပြီ။

ယခုကျနော်ပြပေးသွားမှာက Flyme version:Flyme OS 4.5.31 ဖြစ်ပါတယ်။


၁။ ဖုန်းကနေ တိုက်ရိုက်ဒေါင်းလော့ရယူထားတဲ့ Firmware ဆိုရင်တော့
File manager ရဲ့ Download Folder ထဲသို့တိုက်ရိုက်နေပါလိမ့်မယ်။

ကွန်ပျူတာဖြင့် Download ရယူတယ်ဆိုရင်တော့ Firmware zip ဖိုင်ကို
SD Card or Internal Storage သို့ကော်ပီကူးထည့်လိုက်ပါ။

အဲသလိုဒေါင်းလော့ပြီးတဲ့အခါ Notification ရဲ့ဘာတန်းကို လက်နဲ့
ဆွဲချလိုက်တဲ့အခါ Update.zip ဆိုပြီးဖေါ်ပြနေပါလိမ့်မယ်။

တကယ်လို့ Notification နေရာရဲ့ ရဲ့ဘာတန်းကို လက်နဲ့
ဆွဲချလိုက်လို့ Update.zip ဆိုပြီးမပေါ်နေရင်တော့ဖုန်းကို
Restart ချပေးလိုက်ပါ ပြန်တက်လာတဲ့အခါ မြင်နေရပါလိမ့်မယ်။


၂။ Firmware ကိုစတင်ရေးသားရန်အတွက် File Manager>
Download Folder ဆိုပြီး တစ်ဆင့်ချင်းဖွင့်ဝင်သွားလိုက်ပါ။


၃။ Download Folder ကိုဖွင့်လိုက်ပါ အောက်ပါပုံအတိုင်း
 Firmware zip ကို Update.zip အနေဖြင့်မြင်နေရပါလိမ့်မယ်။


၎။ Update.zip ဖိုင်ကိုတစ်ချက်နှိပ်လိုက်ပါ အောက်ပါပုံအတိုင်း
System Upgrade ဆိုပြီးမြင်နေရပါလိမ့်မယ်။


၅။ Clear user data too ဆိုတဲ့နေရာကိုအမှန်ခြစ်ပေးပြီး
Reboot ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။


၆။ အောက်ပါပုံအတိုင်း Reboot ကျသွားပါလိမ့်မယ်။


၇။ အောက်မှာပုံတော့ Firmware ကို Check ပြုလုပ်နေပါလိမ့်မယ်။


၈။ အောက်ပါပုံမှာတော့ Upgrading ပြုလုပ်နေပါလိမ့်မယ်။


၉။ အောက်မှာပုံကတော့ Firmware ကို verify ပြုလုပ်ခိုင်းနေပါလိမ့်မယ်။


၁၀။ Clear data ကိုအမှန်ခြစ်ပေးပြီး Start ဆိုတာကိုနှိပ်လိုက်ပါ။


၁၁။ အောက်ပါပုံအတိုင်းမြင်နေရရင်တော့ Firmware စတင်ရေးသားနေပါပြီ။



၁၂။ Android is upgrading Finishing boot ဆိုပြီး နောက်ဆုံးအဆင့်မြင်နေရပါလိမ့်မယ်။


၁၃။ အောက်ပါပုံအတိုင်း Firmware ကို Flashing ကိစ္စပြီးသွားပါပြီ။


၁၄။ Setting ကိုတစ်ချက်နှိပ်လိုက်ပါ။


၁၅။ About Device ကိုနှိပ်ကြည့်လိုက်ပါ Official Rom
လေးဖြင့် သင့်ဖုန်းမှာ လန်းနေပါပြီ။


Meizu all models firmware များဒေါင်းလော့ရယူပါ

နာမည်ကြီး Meizu ဖုန်းအားလုံးကို အလွယ်တကူ Root လုပ်နည်းနဲ့ စာအုပ်


ပြန်လည်ဖေါ်ပြလိုပါက Credit ပေးပါ

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Meizu ဖုန်းများကို Firmware ရေးသားနည်း ကွန်ပျူတာမလို Reviewed by ဇူးနစ် on 9:10 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.