Top Ad unit 728 × 90

Description of Image

latest News

recent

Nexus 6P ဖုန်းကို One click Root Toolkit ဖြင့် Custom Recovery သွင်းပြီး Root လုပ်မယ် [100% Working]

Nexus 6P ဖုန်းကို Root လုပ်ချင်တဲ့ညီအကိုများအတွက် ဖြစ်နိုင်ခြေတစ်ခုကို
ရှာကြံပြီးတင်ပေးလိုက်ပါတယ်၊ ကြိုပြောထားချင်တာလေးတစ်ခုကတော့
ဖေါ်ပြနည်းလမ်းဖြင့် အဆင်ပြေသည်ကား ကျနော်ကြိုးစားရကျိုးနပ်ပါပြီ၊
အကြောင်းကြောင်းကြောင့် သင့်ဖုန်းက တစ်ခုခုဖြစ်သွားခဲ့တယ်ဆိုရင်တော့ တာဝန်မယူပါ။

ဒီတော့ အဆင်ပြေမယ်ထင်ရင် Instruction အတိုင်းပြုလုပ်နိုင်ပြီး
မိမိအတွက် အဆင်ပြေမယ်မထင်ဘူးဆိုရင်တော့ လုံးဝမလုပ်မိပါစေနဲ့

ဒီဖုန်းဟာ 2015 ခုနှစ်ရဲ့ အကောင်းဆုံး စမတ်ဖုန်းတွေထဲမှာတစ်လုံးအပါအ၀င်ဖြစ်လို့
တန်းကြေးသည်လည်းမနည်းလှပါဘူး ဒါကြောင့် Rooted Device ကိုသာအသုံးပြုချင်တယ်
ဆိုရင်တော့ ယခုဖေါ်ပြပါနည်းလမ်းသည် သင့်အတွက် တစ်ဖက်တစ်လမ်းကအထောက်အကူပြုပေးပါလိမ့်မယ်။


ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ထမဆုံးသင့်ဖုန်းမှာပြုလုပ်ထားရမှာက
Bootloader unlock & CWM Recovery ထည့်သွင်းပေးရမှာဖြစ်ပါတယ်။

တစ်ခြား Manual အနေဖြင့်ပြောရရင်တော့ bootloader Unlock & TWRP recovry
ထည့်သွင်းပြီးတဲ့အခါ SuperSu.zip ဖိုင်ဖြင့် Recovry mode ကနေ
Flash ပေးပြီး Root လုပ်နိုင်ပါတယ်။

ယခု One click Root Toolkit ကိုအသုံးပြုမယ်ဆိုရင်တော့
Toolkit တစ်ခုတည်းဖြင့် bootloader & CWM များကို အလွယ်သွင်းနိုင်ပြီး
Root ကိုတစ်ချက်တည်းနှိပ်ပေးရုံဖြင့် Root access ရရှိနိုင်ပါတယ်။

Root လုပ်ရန်အတွက်လိုအပ်တာကိုရယူပါ

Click Here to Download Nexus Root Toolkit (51.7MB)

How to Root Nexus 6P
===============
၁။ ပေးထားတဲ့ Root Toolkit ကိုဒေါင်းလော့ပြီး ကွန်ပျူတာတွင် Install ပြုလုပ်ပါ။
၂။ ဖုန်းတွင် USB Debugging ကို Enable ပြုလုပ်ထားပေးပါ။
၃။ ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးဖြင့် ချိတ်ဆက်လိုက်ပါ။
၎။ Root Toolkit ကိုဖွင့်လိုက်ပါ၊ Toolkit က မိမိဖုန်းရဲ့ Device ကို Auto ရွေးချယ်ပေးပါလိမ့်မယ်၊
တကယ်လို့ ကိုယ်တိုင်ရွေးချယ်မယ်ဆိုရင်လည်း Select the device you have နေရာမှာ
Nexus 6P ကိုရွေးချယ်ပြီး Select the android build you are currently running နေရာမှာ
 ဖုန်းရဲ့ Version ကိုရွေးချယ်ပေးရပါမည်၊ ဥပမာ-Android 6.0.1 -build: MMB29M
၅။ Toolkit အတွက်လိုအပ်တဲ့ Device များကို check ပြုလုပ်ပြီးတဲ့အခါ Apply ကိုနှိပ်လိုက်ပါ။
၆။ ဖုန်းမှာ RSA Box လေးကျလာပါလိမ့်မယ် “Always allow from this computer” ကို
အမှန်ခြင်းပေးပြီး OK ကိုနှိပ်ပေးလိုက်ပါ။
၇။ Download + Update All File Dependencies ကိုတစ်ချက်နှိပ်ပြီး
required files များကိုဒေါင်းလော့လိုက်ပါ။

ို
၈။ လိုအပ်တဲ့ files များကို ဒေါင်းလော့ပြီးတဲ့အခါ အောက်ပါပုံအတိုင်း
Toolkit ပွင့်လာပါလိမ့်မယ်။


၉။ Full Driver Installation Guide ကိုတစ်ချက်နှိပ်လိုက်ပါ၊ Guide Option ပွင့်လာတဲ့အခါ
Driver ကို Install ပြုလုပ်ရန်အတွက် Step 1 to 4 ဆိုပြီးပြပေးနေပါလိမ့်မယ်၊ လမ်းညွှန်အတိုင်းပြုလုပ်ပေးလိုက်ပါ။


၁၀။ လိုအပ်တဲ့ Driver ကို Install ပြုလုပ်ပြီးတဲ့အခါ Main Menu သို့
ပြန်လာလိုက်ပါ၊ ပြီးရင် “Unlock Bootloader” အောက်မှ Unlock ဆိုတဲ့နေရာကို
တစ်ချက်နှိပ်ပြီး bootloader unlock ပြုလုပ်ပေးလိုက်ပါ တကယ်လို့ Guide ထပ်မံ
တက်လာခဲ့ရင်လည်း လမ်းညွှန်ပေးတဲ့အတိုင်းပြုလုပ်ပေးလိုက်ပါ။


၁၁။ ဖုန်းကို bootloader unlock ပြုလုပ်ပြီးတဲ့အခါ Root လုပ်ရန်အတွက် Root ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါ  ဒီနေရာမှာ Custom Recovery ကိုပါတစ်ပါတည်းထည့်သွင်းချင်တယ်ဆိုရင်တော့ Custom Recovery
နေရာမှာ အမှန်ခြင်းပေးပြီးမှာ Root ဆိုတာကိုနှိပ်ပေးလိုက်ပါ။


၁၂။ Root ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ instruction တက်လာခဲ့ရင် လမ်းညွှန်အတိုင်းပြုလုပ်ပေးလိုက်ပါ Root Toolkit ကသင့်ဖုန်းကို သူ့အလိုလို Rooting process တစ်ခုကိုစတင်လုပ်ဆောင်သွားပါလိမ့်မယ်။

Ref-www.cyberkey.in

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Nexus 6P ဖုန်းကို One click Root Toolkit ဖြင့် Custom Recovery သွင်းပြီး Root လုပ်မယ် [100% Working] Reviewed by ဇူးနစ် on 7:17 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.