နောက်ဆုံးထွက်ဗားရှင်းတွေအတွက် CM13 Gapps for Marshmallow
စမတ်ဖုန်းတွေအတွက် Custom Rom များတွင် CyanogenMod ဆိုတာ
အကောင်းဆုံးလို့ထင်ပါတယ်၊ အခုနောက်ဆုံးထွက်ရှိထားတဲ့
Android 6.0/6.0.1 Marshmallow ဗားရှင်းအတွက်လည်း CM13 Gapps ဆိုပြီး
အသင့်ထွက်ရှိထားပြီးဖြစ်တာမို့ Custom Rom များကို ကြိုက်နှစ်သက်တဲ့
ညီအစ်ကိုတွေအတွက် CyanogenMod ဟာအားလုံးထက်
အမြဲတမ်းအကောင်းဆုံးဖြစ်နေမှာပါ။
Stock Rom ကရိုးအီနေပြီး သုံးမကောင်း ဓာတ်ပြားဟောင်းကြီးလို
ပုံမြင်တာနဲ့ မကိုင်ချင်လောက်အောင်ဖြစ်နေခဲ့ရင်တော့ မိမိဖုန်းအတွက်
အကောင်းဆုံး Custom Rom များကိုရှာဖွေပြီး ဗားရှင်းအလိုက်
ဒီ Google Gapps ဖြင့် အလွယ်တကူ Flash ပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
ဒီနေရာမှာ Google Gapps ဆိုတာက Google stock apps တစ်ခုဖြစ်ပါတယ်
Custom ROM များကိုသွင်းပြီးအသုံးပြုလိုတဲ့အခါမျိုးမျာ အထူးသဖြင့်
Android 6.0/6.0 Marshmallow တွင် Custom Rom တင်လိုတဲ့အခါ
ဒီ Google Gapps သွင်းထားပြီးသားဖြစ်နေပါမှ အဆင်ပြေမှာဖြစ်ပါတယ်။
လိုအပ်ချက်များ
===========
Google Apps ကို သင့်ဖုန်းတွင် ထည့်သွင်းခြင်းမပြုမှီသင့်ဖုန်းအတွက်
လိုအပ်ချက်များကိုအရင်လေ့လာထားသင့်ပါတယ်။
သင့်ဖုန်းမှာ ပထမဆုံး ရှိထားသင့်တာက Custom Recovery ကို
သွင်းထားပြီးသားဖြစ်နေရပါမည်။ Custom Recovery ဆိုရာ၌
Philz touch recovery, CWM recovery,
TWRP recovery များကိုပြောလိုတာဖြစ်ပါတယ်။
Custom ROM က Android 5.1.1 Lollipop/Android 7.0 ပေါ်မှာသာ
သွင်းထားခဲ့မယ်ဆိုရင်တော့ ဒီ Google Gapps ကိုထည့်သွင်းလို့မရနိုင်ပါ။
ယခုဖေါ်ပြပါ Google Gapps သည် Android 6.0/6.0 Marshmallow မှာ
သာအဆင်ပြေမှာဖြစ်သည်။
Installing the CM13 Google Gapps
=====================
၁။ Android 6.0 Marshmallow Google Gapps file ကိုအရင်ရယူပါ
၂။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။
၃။ Google Gapps file ကို Copy ကူးပြီး nternal storage SD card သို့ Past လုပ်ပါ။
၎။ ဖုန်းကိုပါဝါပိတ်ပြီး custom recovery mode သို့ဝင်လိုက်ပါ။
၅။ Recovery Mode တွင် "Install" ကိုနှိပ်။
၆။ Install From SD Card မှာ Google Gapps file ကိုရွေးချယ်ပေးလိုက်ပါ။
၇။ Flash loading ပြီးသွားခဲ့ရင်တော့ Backup ကီးကိုနှိပ်ပြီး နောက်ပြန်ဆုတ်ကာ
"Reboot System Now" ဆိုတာကို နှိပ်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။
၈။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Custom ROM သွင်းထားပြီးသား
Android 6.0/6.0 Marshmallow အတွက် သင့်ဖုန်းမှာ
Google Gapps ကိုအောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။
Google Gapps ကိုအောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။
ဇူးနစ်(နည်းပညာ)
နောက်ဆုံးထွက်ဗားရှင်းတွေအတွက် CM13 Gapps for Marshmallow
Reviewed by ဇူးနစ်
on
5:28 PM
Rating:

No comments: