Top Ad unit 728 × 90

Description of Image

latest News

recent

Huawei Ascend G7 ဖုန်းအတွက် TWRP Recovery ထည့်သွင်းနည်း

Huawei Ascend G7 ဖုန်းအတွက် TWRP Recovery ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ Stock Rom ဖြင့် ရိုးအီနေပြီး Custom Rom အလန်းများ
ထည့်သွင်းအပြုချင်တဲ့ညီအစ်ကိုတွေကတော့ ဖုန်းမှာ TWRP ထည့်သွင်းထားဖို့လိုအပ်ပါမယ်။

လိုအပ်ချက်များ
=========
TWRP Recovery File
ADB & Fastboot
Huawei G7 USB Driver




TWRP recovery မရေးသားခင်
===================
ဖုန်းတွင် Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်ရပါမယ်၊
Developer Options တွင် USB Debugging Mode ကို Enable ပြုလုပ်ပေးရမှာပါ
ဒီအတွက် Menu > Settings > About Device > ပြီးရင် build number ကို
ခုနှစ်ချက်လောက်ထောက်လိုက်ပါ၊ ပြီးရင် ပေါ်လာတဲ့  Developer Options တွင်
USB Debugging Mode ကို Enable ပြုလုပ်ပေးလိုက်ပါ။

Installing Twrp for G7 
=================
လိုအပ်တာများကိုဒေါင်းလော့ရယူလိုက်ပါ၊ ADB & Fastboot zip ဖိုင်နဲ့
TWRP ဖိုင်ကို ဖြေလိုပါ ပြီးရင် TWRP ဖိုင်ကို ‘recovery.img’. ဆိုပြီး
နာမည်ပြောင်ပေးလိုက်ပါ TWRP ဖိုင်ကို Fastboot Folder မှာထည့်ထားပါ။

 ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပြီး Fastboot Folder ကိုဖွင့်လိုက်ပြီး
Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။

adb reboot bootloader

TWRP Recovery ကိုထည့်သွင်းပေးရန်အတွက်
အောက်ပါစာကြောင်းကိုမှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

fastboot flash recovery openrecovery-twrp-2.8.7.0.img

Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ အားလုံးပြီးသွားတဲ့အခါ
ဖုန်းကို Reboot ချပေးရပါမည် အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။

fastboot reboot

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။

တကယ်လို့မိမိဖုန်းမှာ TWRP Recovery ထည့်သွင်းမှု
အဆင်ပြေမပြေစစ်ဆေးကြည့်ချင်တယ်ဆိုရင်တော့
အောက်ပါအတိုင်း ရိုက်ထည့်ပြီး Enter ကိုခေါက်ပေးလိုက်ပါ။

adb reboot recovery

ဒီအတိုင်း Button ကိုအသုံးပြုမယ်ဆိုရင်တော့
Power and Volume Up button များကို (၁၀) စက္ကန့်လောက် တွဲနှိပ်ထားလိုက်ပါ
ဖုန်းမှာ vibrate တုန်းပြီးသွားတာနဲ့ Power ကီးကိုလွှတ်လိုက်ပြီး Volume Up ကို
ဆက်နှိပ်ထားလိုက်ပါ၊ TWRP recovery mode သို့ရောက်သွားပါလိမ့်မယ်။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Huawei Ascend G7 ဖုန်းအတွက် TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 7:14 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.