Top Ad unit 728 × 90

Description of Image

latest News

recent

iDvices သမားများအတွက် ရှိထားသင့်တဲ့ vShare App Jailbreak ပြုလုပ်စရာမလို

iDvices သမားများအတွက် ရှိထားသင့်တဲ့ vShare App လေးတစ်ခုကို
မိတ်ဆက်ပေးလိုက်ပါတယ်၊ ဒီ App က iPhone & iPad တွေအတွက်
Apple Store ပေါ်မှ Free Apps & Games များကို (1,000,000) လောက်
 ဒီ App ကနေအလွယ်တကူ ဒေါင်းလော့ရယူနိုင်မှာပဲဖြစ်ပါတယ်။

iDevice ရဲ့ function တစ်ခုကတော့ နာမည်ကြီး App များကို Apple Store မှာ
အလွယ်တကူ ဒေါင်းလော့လင့်မချပေးတတ်ပါ၊ Jailbroken Devices အတွက်သာ
အချို့သော App တွေကို Cydia App ကနေ အဆင်ပြေပြေ ရယူနိုင်ကြပါတယ်


ဟိုအရင်ဆိုရင် နာမည်ကြီး MovieBox app ကိုထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့
ဖုန်းကို jailbreak အရင်ပြုလုပ်ရပါသေးတယ် ပြီးတော့မှာ Cyida ကနေတစ်ဆင့်
ရှာပြီး install ပြုလုပ်ယူရပါတယ်။

ဒီနေ့ခေတ်အရောက်မှာတော့ Technology ရဲ့အံ့မခန်းတဲ့ ဆန်းသစ်တီထွင်မှု
တွေကိုတော့ အသိအမှတ်မပြုလို့မရတော့သလို စနစ်ဟောင်းရဲ့ Functions များကို
Evolution ကောင်းကောင်းလုပ်ပေးရတော့မှာလည်းဖြစ်ပါတယ်။

ဒီတော့ခါ သင့် iPhone & iPad မှာ vShare app လေးကို install ပြုလုပ်ထားမယ်
ဆိုရင်တော့ နာမည်ကြီး MovieBox app နဲ့အခြားသော Apps & Games များကို
Jailbreak ပြုလုပ်စရာမလိုပဲ အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

ဒီ vShare App ကို ကျနော်ကိုယ်တိုင် iPhone 4 version 7.1.2 အတွက်
install ပြုလုပ်ထားပါတယ် ဒီ App သည် နောက်ဆုံးထွက်ဗားရှင်း
iOS 9.1 အထိ အားလုံး Devices မှာအဆင်ပြေပါတယ်။

ဒီ App ကကျနော်တို့လို့ Free app ကိုပဲအသုံးပြုနိုင်တဲ့ သူတွေအတွက်
အကောင်းဆုံးဖြစ်ပါတယ် ပိုက်ဆံပေးဝယ်ပြီး အသုံးပြုစရာမလိုတော့ပဲ
မိမိအလိုရှိတဲ့ App အမျိုးအစားကို ဒီ vShare မှာရိုက်ရှာပြီး $ Apps များကို
Free အနေဖြင့် Install ပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။

တကယ်လို့သင်ဟာ App တစ်ခုကို Apple Store ပေါ်မှာ ၀ယ်ယူပြီး
အသုံးပြုချင်တယ်ဆိုရင်တော့ ၀ယ်ယူအသုံးပြုနိုင်ပါတယ် တကယ်လို့
ဝယ်ယူပြီးအသုံးမပြုချင်ဘူးဆိုရင်တော့ vShare App ကိုသာဆောင်ထားပြီး
နေ့စဉ် Up to date တက်နေ့တဲ့ Apps & Games များကို One clicck ဖြင့်
ထည့်သွင်းအသုံးပြုနိုင်တာမို့ Apple Store ကြီးကို နည်းနည်းလောက်
ခေါက်ထားလိုက်ကြရအောင်ဗျာ ဟေဟေ

ကဲ အထက်ဖေါ်ပြပါ Intro သဘောတရားကို သဘောပေါက်ပြီဆိုတာနဲ့
vShare App ကိုသင့် iPhone & iPad မှာထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့
အောက်ပါ Instruction Steps များအတိုင်း ပြုလုပ်ပေးလိုက်ပါ။

How to install vShare App
==================
၁။ iPhone & iPad များမှ Safari browser ကိုဖွင့်လိုက်ပါ
၂။ Safari browser ပွင့်လာတဲ့အခါ Search box ထဲမှာ အောက်ပါ
လိပ်စာကို အမှန်ရိုက်ထည့်ပြီး ၀င်လိုက်ပါ။

www.vshare.com

အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင်တော့ Unjailbroken ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်းမြင်နေရတဲ့အခါ Install ကိုနှိပ်ပြီး
installation process ကိုစတင်လိုက်ပါ။

ဒီနေရာမှာ App ကို ထည့်သွင်းတဲ့အခါ Apple ID များတောင်းလေမလား
မထင်လိုက်ပါနဲ့ Apple ID မလိုပါ တိုက်ရိုက် Install ပြုလုပ်ပေးသွားပါလိမ့်မယ်။


အောက်ပါပုံအတိုင်းမြင်နေရရင်တော့ vShare App ကို စတင် Install ပြုလုပ်နေပါပြီ။
ခနစောင့်နေလိုက်ပါ Connection အပေါ်မူတည်ပြီး အနှေးအမြန်ဖြစ်တတ်ပါတယ်။


အောက်ပါပုံပြလာခဲ့ရင်တော့ Cancel ကိုနှိပ်လိုက်ပါ
ကျနော့် iPhone 4 တုန်းကတော့ ဒီလိုမျိုးမတွေ့လိုက်ပါ။


vShare App ကို install ပြုလုပ်ပြီးသွားရင်တော့ ettings -> General ->
Profile -> tap on the Profile ကိုတစ်ချက်ချင်းစီ နှိပ်သွားလိုက်ပါပြီ
အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါ Trust ကိုနှိပ်ပေးလိုက်ပါ။

Installation process ပြီးသွားပါပြီ အောက်ပုံလေးကိုကြည့်လိုက်
သင့်အတွက် အကောင်းဆုံးနဲ့ အလိုချင်ဆုံး Apps & Games များကို
ဘာပြသနာမရှိပဲ vShare App ကနေတစ်ဆင့် အလွယ်တကူ
ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။


vShare App ကိုအထက်ဖေါ်ပြပါ နည်းလမ်းအတိုင်း
တကယ်လို့ Install ပြုလုပ်ရန်တွင် Error တက်နေဲခဲ့ရင်တော့ လက်ရှိဖွင့်ထားတဲ့
Them များကိုပိတ်လိုက်ပြီး ပြန်လည် Install ပြုလုပ်ပေးပါ နောက်တစ်ကြိမ်ဆိုရင်တော့
vShare App ကို error ကင်းပြီး install ပြုလုပ်ယူနိုင်ပါလိမ့်မယ်။


Ref-www.unlockboot.com


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
iDvices သမားများအတွက် ရှိထားသင့်တဲ့ vShare App Jailbreak ပြုလုပ်စရာမလို Reviewed by ဇူးနစ် on 12:02 PM Rating: 5

1 comment:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.