LG Optimus Elite ဖုန်းကို CWM recovery ထည့်သွင်းနည်း
LG Optimus Elite ဖုန်းကို CWM recovery ထည့်သွင်းချင်တဲ့
ညီအကိုများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို CWM ထည့်သွင်းမယ်ဆိုရင်တော့ သင့်ဖုန်းမှာ Root access တော့
ရရှိထားပြီးသားဖြစ်ရပါမယ် ဒီဖုန်းအတွက် Root လုပ်နည်းကိုတော့
အောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ။
ယခုဖေါ်ပြပါ CWM Recovery ထည့်သွင်းခြင်းနည်းလမ်းသည်
LG Optimus Elite ဖုန်းအတွက်သာဖြစ်ပါတယ်။
ဒီဖုန်းအတွက် CWM မထည့်သွင်းမှီ Google Paly Store မှာ App အချို့ကို
ဖုန်းမှာ Install ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်၊ ဖြစ်နိုင်ရင် သင့်ဖုန်းမှာ Store ပေါ်မှ
App များကိုထည့်သွင်းအသုံးပြုသွားရန်အတွက် memory အလုံအလောက်ရှိထားသင့်ပါတယ်။
How to install CWM Recovery
===================
Apps များကိုတော့ ဖုန်းကနေတိုက်ရိုက်ဒေါင်းလော့ရယူပြီး
Install ပြုလုပ်ပါ၊ ပြီးရင် WCM ဖိုင်ကိုဒေါင်းလော့ပါ SD card သို့
ကူးထည့်လိုက်ပါ၊ Terminal Emulator app ကိုဖွင့်လိုက်ပါ
App ပွင့်လာတဲ့အခါ အောက်ပါစာလုံးကို စတင်ရိုက်ထည့်ပါ
Su
ပြီးရင် နောက်ထပ် Recovery ဖိုင်ကို ထည့်သွင်းပေးရန်အတွက်
အောက်ပါ Command ကိုထပ်ရိုက်ထည့်ပါ
dd if=/sdcard/part_13_cwm_9_22_17_32.bin of=/dev/block/mmcblk0p14
ပြီးသွားတဲ့အခါ Terminal Emulator ကိုထွက်လိုက်ပါ
EFS File Explorer ကိုဖွင့်လိုက်ပါ directory နေရာမှာ
/system/etc/ ဆိုတာကိုရှာကြည့်လိုက်ပါ၊ ပြီးရင်
install-recovery.sh ဖိုင်ကို install-recovery.sh.bak. ဆိုပြီး
နာမည်ပြောင်းပေးလိုက်ပါ၊ EFS File Explorer ဖိုင်ကိုထွက်လိုက်ပါ။
သင့်ဖုန်းကို CWM ထည့်သွင်းခြင်းကိစ္စအောင်မြင်ပါပြီ။
Ref-www.lg-phones.org
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
LG Optimus Elite ဖုန်းကို CWM recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
12:47 AM
Rating:

No comments: