Top Ad unit 728 × 90

Description of Image

latest News

recent

LG V10 (T-Mobile) ဖုန်းက Custom Recovery ထည့်သွင်းပြီး Root လုပ်နည်း


 LG V10 (T-Mobile) ဖုန်းက Custom Recovery ထည့်သွင်းပြီး Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကအရမ်းစမတ်ကျပါတယ်
Crditable ကျလွန်းပါတယ် Root လုပ်ရတာလဲတော်ရုံနဲ့တိုးမပေါက်ပါ။

ဒီဖုန်းကို Root လုပ်ရန်အတွက် Bootloader ကိုကျော်ပြီး
Custom Recovery ကိုအရင်ထည့်သွင်းပေးရပါမယ်
ပြီးတော့မှ SuperSu ဖြင့် Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။


လိုအပ်တာကိုဒေါင်းလော့ရယူလိုက်ပါ

Download Here TWRP custom recovery

Download Here SuperSU file

Download Here ADB & Fastboot Zip

အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

 Rooting Guide T-Mobile LG V10
===================
လိုအပ်တာများကိုအရင်ဒေါင်းလော့ရယူပါ၊ Fastboot zip ဖိုင်ကိုဖြေလိုက်ပါ
 USB Debugging & OEM unlock ကို Enable ပြုလုပ်ထားပြီး
SuperSu.zip ဖိုင်ကို SD card သို့ကူးထည့်ပါ။

fastboot folder ကိုဖွင့်လိုက်ပါ၊ Shift key and right-click တစ်ချက်ထောက်ပြီး
'Open command windows here' ဆိုတာကိုနှိပ်လိုက်ပါပြီး command box ကိုဖွင့်လိုက်ပါ
ပြီးရင် အောက်ပါစာကြောင်းကို copy ကူးပြီးထည့်လိုက်ပါ Enter ကိုတစ်ချက်ခေါက်

cd C:\adb
adb devices


ကွန်ပျူတာနဲ့ဖုန်း Devics ချင်းသိပြီဆိုတာနဲ့
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

Command word များကိုရိုက်ထည့်ပြီးပြီဆိုတာနဲ့
bootloader Mode သို့ ရောက်သွားပါလိမ်မယ်။

adb reboot bootloader


TWRP recovery file (twrp-2.8.7.1-h901.img) ဖိုင်များကို
ဖြေလိုက်ပြီး TWRP recovery file ကို Fastboot Folder ထဲမှာထည့်ပါ

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ အောက်ပါ စာကြောင်းများကို
မှန်အောင်ရိုက်ထည့်ပြီး စာကြောင်းတစ်ခုကြောင်းဆုံးတိုင်း Enter ကိုခေါက်ပါ။

fastboot oem unlock
fastboot getvar unlocked
fastboot reboot-bootloader
fastboot flash recovery twrp-2.8.7.1-h901.img
fastboot boot twrp-2.8.7.1-h901.img



Twrp ကိုထည့်သွင်းပြီးတာနဲ့ ဖုန်းမှာ Custom Recovery Mode သို့
ရောက်သွားပါလိမ့်မယ်။

How to Root LG V10 with SuperSu
=======================
၁။ SuperSU package ဖိုင်ကိုဒေါင်းလော့ရယူပါ၊

၂။ ဒေါင်းလော့ရလာတဲ့ ဖိုင်ကို internal storage သို့ထည့်ပါ။

၃။ Custom Recovery သို့ဝင်ပါ၊ ဖုန်းကိုပါဝါပိတ်၊
 volume down and power keys ကိုတွဲနှိပ်ပါ။

၎။ backup option ထဲသို့ဝင်ပြီး System, Data, Boot,
Recovery, EFS များကို Swipe ဖြင့် Backp ပြုလုပ်ထားလိုက်ပါ။

၅။ TWRP menu ကိုသွားပြီး "install ">SuperSU file ဖိုင်ကိုရွေးပါ။

၆။ အားလုံးအသင့်ဖြစ်ပြီးဆိုရင်တော့ Swipe ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။

၇။ Rooting process တစ်ခုကို install ပြုလုပ်နေပါလိမ့်မယ်။

၈။ အားလုံးပြီးသွားရင်တော့ "Reboot system now" ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ။

Ref-http://techchomps.com

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
LG V10 (T-Mobile) ဖုန်းက Custom Recovery ထည့်သွင်းပြီး Root လုပ်နည်း Reviewed by ဇူးနစ် on 5:17 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.