Motorola DROID Turbo ဖုန်းကို TWRP recovery ထည့်သွင်းနည်း
Motorola DROID Turbo ဖုန်းအတွက် TWRP recovery ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို TWRP recovery ထည့်သွင်းမယ်ဆိုရင်တော့
သင့်ဖုန်းမှာပထမဆုံးပြုလုပ်ပေးရမှာကတော့ Bootloader unlock ပဲဖြစ်ပါတယ်
ဒီအတွက် တင်ပေးထားပြီးပါပြီ အောက်ကလင့်မှာလေ့လာကြည့်လိုက်ပါ
Motorola DROID Turbo ဖုန်းကို bootloader unlock ပြုလုပ်နည်း
လိုအပ်တာများကိုဒေါင်းလော့ရယူပါ
Motorola DROID Turbo USB Driver
Download Here TWRP recovery file
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
TWRP recovery မရေးသားခင်
===================
ဖုန်းတွင် Developer Options တွင် USB Debugging Mode ကို Enable ပြုလုပ်ပေးရမှာပါ
ဒီအတွက် Menu > Settings > About Device > ပြီးရင် build number ကိုခုနှစ်ချက်လောက်
ထောက်လိုက်ပါ၊ ပြီးရင် ပေါ်လာတဲ့ Developer Options တွင်
USB Debugging Mode ကို Enable ပြုလုပ်ပေးလိုက်ပါ။
Installing Twrp for Motorola Droid Turbo
==========================
လိုအပ်တာများကိုဒေါင်းလော့ရယူလိုက်ပါ၊ ADB & Fastboot zip ဖိုင်နဲ့
TWRP ဖိုင်ကို ဖြေလိုပါ ပြီးရင် TWRP ဖိုင်ကို ‘recovery.img’. ဆိုပြီး
နာမည်ပြောင်ပေးလိုက်ပါ TWRP ဖိုင်ကို Fastboot Folder မှာထည့်ထားပါ။
ဖုန်းကိုပါဝါပိတ်ပြီး Volume Down and Power button များကို
တွဲနှိပ်ထားပြီး bootloader mode သို့ဝင်လိုက်ပါ။
ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပြီး Fastboot Folder ကိုဖွင့်လိုက်ပြီး
Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။
fastboot devices
ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်မှု Device များသိပြီဆိုတာနဲ့
အောက်ပါစာကြောင်းကို ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
fastboot flash recovery recovery.img
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ အားလုံးပြီးသွားတဲ့အခါ
ဖုန်းကို Reboot ချပေးရပါမည် အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။
fastboot reboot
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Motorola DROID Turbo ဖုန်းကို TWRP recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
10:07 PM
Rating:

No comments: