“Unfortunately UC Browser Has Stopped” ကိုဖြေရှင်းနည်း
UC Browser ချစ်သူများအတွက် အကောင်းထဲက အဆိုးတစ်ခုလို့
ပြောရလေမလား အသုံးပြုနေရင်းကနေ စိတ်ညစ်စရာလေး
“Unfortunately UC Browser Has Stopped” ဆိုပြီးတက်လာခဲ့ရင်
အလွယ်တကူ ဖြေရှင်းနိုင်အောင် ပြန်လည်တင်ပေးလိုက်ပါတယ်။
ဒီပြသနာကလည်း မိမိတစ်ဦးတစ်ယောက်အတွက်သာ ဖြစ်တတ်တာမျိုးမဟုတ်ပါ
လူတိုင်း ကြုံတွေ့နေရတဲ့ ပြသနာလေးတစ်ခုပဲဖြစ်ပါတယ်။
နောက်တစ်ခုက ဒီ UC Browser App တစ်ခုသာ မဟုတ်ပဲ နည်းတူ
ဖြစ်နေတဲ့ App တွေကတော့ hunderds လို့ပြောလို့ရမယ်ထင်ပါတယ်။
ဒီအတွက် အလွယ်တကူ ဖြေရှင်းနည်းလေးကိုဖေါ်ပြပေးလိုက်ပါတယ်
အောက်မှာလေ့လာကြည့်လိုက်ပါ ပုံတွေတော့ မထည့်နေတာ့ဘူး။
“Unfortunately UC Browser Has Stopped” ကိုဖြေရှင်းနည်း
====================================
“Unfortunately UC Browser Has Stopped” error ကိုဖြေရှင်းနိုင်မယ့်
နည်းလမ်းတစ်ခုကတော့ Clear Cache ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
အခက်ကြီးတော့မဟုတ်ပါ တစ်ခါလောက်လုပ်ဖူးသွားရင်တော့ ဒီလိုပြသနာ
ကြုံလာတိုင်း ဒီနည်းလမ်းအတိုင်းအလွယ်တကူဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်။
၁။ Settings > Applications > Manage Applications ကိုသွားလိုက်ပါ။
၂။ All ဆိုတာကိုဆက်နှိပ်သွားလိုက်ပါ။
၃။ အဆင်မပြေဖြစ်နေတဲ့ UC Browser ကိုတစ်ချက်နှိပ်လိုက်ပါ။
၎။ “Clear Data and Clear Cache” ကိုတစ်ခုချင်းစီကိုနှိပ်ပေးလိုက်ပါ။
၅။ ပြီးရင် ဖုန်းကို Restart ချပေးလိုက်ပါ။
၆။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ UC Browser နဲ့ပတ်သက်ပြီး
ဘာပြသနာ ပြစ်ချက်မှ မရှိနေတော့ပါ အသင့်သုံးဖြစ်နေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
“Unfortunately UC Browser Has Stopped” ကိုဖြေရှင်းနည်း
Reviewed by ဇူးနစ်
on
11:25 PM
Rating:

No comments: