Top Ad unit 728 × 90

Description of Image

latest News

recent

Windows 10 တွင် Windows Photo Viewer ကို ထည့်သွင်းပြီး Default app အဖြစ်ပြုလုပ်နည်း


Windows 10 တွင် Windows Photo Viewer ကို ထည့်သွင်းပြီး Default app
 အဖြစ်ပြုလုပ်နည်းကို Win 10 ချစ်ပရိတ်သတ်များအတွက် မျှဝေပေးလိုက်ပါတယ်။

Microsoft ရဲ့ထုတ်ကုန်တွေထဲမှ Win 10 သည် general users များအတွက်
ပြီးပြည့်စုံလောက်တဲ့အထိ ပြင်ဆင်ပြီးမှ ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။

ဒီအထဲကမှ ကျွန်တော်တို့အားလုံးလည်း ရင်းနှီးပြီးသားတစ်ခုဖြစ်တဲ့
Windows Photo Viewer (WPV) လည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။


မိသားစုလိုက် တစ်ခြား အမှတ်တရဓာတ်ပုံများကို Album လိုက်အလွယ်တကူ
ကြည့်ရှုနိုင်တဲ့ ဆော့ဝဲလည်းဖြစ်ပါတယ်၊ ပေါ့ပါးပြီးအသုံးပြုကောင်းပါတယ်။

တကယ်တော့ အရင် Windows တွေမှာ ပါဝင်ခဲ့ပေမယ့် ဒီ Win 10 ကျမှ
အဆင်မပြေမှုတွေနဲ့ ကြုံနေတဲ့သူတွေရှိလာလို့ ဒီပိုစ့်လေးကိုတင်ပေးလိုက်တာပါ

သတိထားမိတာလေးတစ်ခုကတော့ Win 10 မှ default photo viewer နေရာမှာ
New Photo app ဆိုပြီး အစားထိုးပြုလုပ်လာတာပဲဖြစ်ပါတယ်။

အံကြသင့်စရာကောင်းတာကတော့ Win 10 တွင် Windows Store ထဲမှာ 
UAP လို့ခေါ်တဲ့ Universal App Platform ကိုထည့်သွင်းပေးထားခြင်းပဲဖြစ်ပါတယ်။

သူ့အထဲပါဝင်လာတဲ့ Photos app က features အလန်းတွေနဲ့ ဖန်တီးထားတာလည်းဖြစ်ပါတယ်
ပြီးရင် ဓာတ်ပုံများကို album လိုက်ကြည့်ရှုလို့ရအောင်လို့ auto လုပ်ပေးပါသေးတယ်။

ဒါပေမယ့်လည်း Win 10 ရဲ့ Store ထဲမှ app တွေနဲ့ မရင်းနှီးသေးတဲ့သူတွေအတွက် 
အသုံးပြုရတာ အခက်တွေ့နေပါသေးတယ်၊ အချို့သော Users တွေလည်း
Windows Photo Viewer (WPV) အဟောင်းကြီးကို အခုချိန်ထိ တန်းလန်းစွဲဖြစ်နေကြတုန်း

ဒီတော့ သင့် Win 10 မှာ Windows Photo Viewer ကိုထည့်သွင်း
အသုံးပြုချင်တယ်ဆိုရင်တော့အောက်ပါ ဆော့ဝဲနဲ့ ထည့်သွင်းနည်းကို 
ဆက်လေ့လာကြည့်လိုက်ပါ။

Windows Photo Viewer ကို Install ပြုလုပ်နည်း
=============================
WPV ကိုထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ သင့်ကွန်ပျူတာမှာ Registry အပိုင်းကို
နည်းနည်းပြောင်းပေးလိုက်ရုံပါပဲ၊ ဒါကလည်း System ရဲ့အပိုင်းအစတစ်ခုမှ Registry ပိုင်းကို
ဘယ်အချိန်မဆို Edit လည်းပြုလုပ်နိုင်သလို Backup လုပ်ယူနိုင်တာပဲ ဖြစ်နိုင်ပါတယ်။


ဒေါင်းလော့ရယူပြီးတဲ့အခါ Double click တစ်ချက်ထောက်ပြီး Hit ဆိုတာကို
နှိပ်ပေးပြီး Yes at the dialog to apply the change to Registry ဆိုတာမျိုး
ပြုလုပ်ပေးလိုက်ပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ။

Defult Photo Viewer အဖြစ်ပြုလုပ်နည်း
========================
ကဲ WPV ကိုတော့ထည့်သွင်းပြီးပါပြီ ဒါပေမယ့် ဓာတ်ပုံများဖွင့်လိုက်အသုံးပြုရန်အတွက်
Default app အဖြစ် ပြုလုပ်ပေးရဦးမှာပဲဖြစ်ပါတယ်။

Search Box ထဲတွင် "Default App" ဆိုပြီးရိုက်ထည့်လိုက်ပြီး
 ပေါ်လာတဲ့ “Default app settings” ကိုဖွင့်လိုက်ပါ။

Window Settings တွင် အောက်ပါပုံအတိုင်း Photo Viewer ရောက်နေပါလိမ့်မယ်
ဒီတော့ Windows Photo Viewer ကို Default app ပြုလုပ်ရန်အတွက် hit ပြုလုပ်ပေးလိုက်ရုံပါပဲ။ 


သင့် Win 10 တွင် WPV ကို Enable ပြုလုပ်ခြင်း သို့မဟုတ် Defualt app အဖြစ်
ပြုလုပ်ခြင်းပြီးစီးပါပြီ၊ မိမိရဲ့အလန်းဆုံးဓာတ်ပုံများကို Fashion အဟောင်းလေးဖြင့်
စိတ်ကြိုက်ကြည့်ရှုနိုင်ပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
Windows 10 တွင် Windows Photo Viewer ကို ထည့်သွင်းပြီး Default app အဖြစ်ပြုလုပ်နည်း Reviewed by ဇူးနစ် on 10:03 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.