YU Yunique YU4711 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
YU Yunique YU4711 ဖုန်းကို TWRP Recovery ထည့်သွင်းချင်တဲ့
သူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းအတွက် လိုအပ်ချက်တွေကတော့ Universal Driver, ADB and Fastboot,
TWRP ပါ လိုအပ်တာများကိုအောက်ကလင့်များမှာရယူလိုက်ပါ။
Universal ADB Driver ကိုကွန်ပျူတာတွင် Install ပြုလုပ်နည်း
အကောင်းဆုံး ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း
How to Install TWRP Recovery
=====================
လိုအပ်တာများကိုဒေါင်းလော့ရယူလိုက်ပါ၊ ADB & Fastboot zip ဖိုင်နဲ့
TWRP ဖိုင်ကို ဖြေလိုပါ ပြီးရင် TWRP ဖိုင်ကို “twrp-recovery.img”. ဆိုပြီး
နာမည်ပြောင်ပေးလိုက်ပါ TWRP ဖိုင်ကို Fastboot Folder မှာထည့်ထားပါ။
ဖုန်းကိုပါဝါပိတ်ပြီး Volume Down + Volume Up + Power များကိုတွဲနှိပ်ထားပြီး
Fastboot mode သို့ဝင်လိုက်ပါ၊ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။
ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်မှု Device များသိပြီဆိုတာနဲ့
အောက်ပါစာကြောင်းကို ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
fastboot flash recovery twrp-recovery.img
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ
ဒီတစ်ခါ Recovery Mode သို့ဝင်ပေးရပါမည် အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုခေါက်လိုက်ပါ။
fastboot boot recovery.img
Normal Recovery Mode သို့ရောက်တဲ့အခါ ဖုန်းကို
Reboot ချပေးလိုက်ပါ။ ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ
TWRP Recovery ထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
YU Yunique YU4711 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
1:44 PM
Rating:

No comments: