Galaxy Core GT-i8262/60 ဖုန်း ဗားရှင်း 4.1.2 ကို TWRP Recovery ထည့်သွင်းနည်း
Galaxy Core GT-i8262/60 ဖုန်း ဗားရှင်း 4.1.2 ကို
TWRP Recovery ထည့်သွင်းချင်တဲ့
ညီအစ်ကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို TWRP ထည့်သွင်းမယ်ဆိုရင်တော့ မိမိဖုန်းမှာ
Root access ရရှိထားပြီးသား ဖြစ်နေရပါမယ်။
ဒီအတွက် Root လုပ်ပြီးသား မဟုတ်သေးရင်တော့
အောက်ကလင့်မှာ ၀င်ပြီးလေ့လာကြည့်လိုက်ပါ။
TWRP ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Click Here to Download Odin
Samsung USB Driver for Windows
Click Here to Download Odin
Samsung USB Driver for Windows
TWRP Recovery ထည့်သွင်းနည်း
=====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Galaxy Core GT-i8262/60 ဖုန်း ဗားရှင်း 4.1.2 ကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
8:20 AM
Rating:

No comments: