Galaxy Grand Prime SM-G530H ဖုန်းကို CWM recovery ထည့်သွင်းနည်း
Galaxy Grand Prime SM-G530H ဖုန်းကို CWM recovery ထည့်သွင်းချင်တဲ့
ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းရဲ့ CWM Recovery ကတော့ Philz Touch CWM 6 recovery အမျိုးအစား
ဖြစ်ပါတယ်၊ ရှာလိုက်ရတာလည်း အမောပဲဗျာ အဆင်ပြေမယ်လို့ထင်ပါတယ်။
ဖုန်းကိုကလစ်တော့မယ်ဆိုရင်တော့ Firmware ကိုအသင့်ရှာပြီးမှာ ကလစ်ကြည့်ပါ
တကယ်လို့အဆင်မပြေခဲ့ရင်တော့ Firmware အသင့်ရှိနေရင် ကောက်တင်လိုက်ရုံပဲပေါ့။
CWM ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
CWM Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ cwmo.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ CWM Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Galaxy Grand Prime SM-G530H ဖုန်းကို CWM recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
10:25 AM
Rating:

No comments: