Google Galaxy Nexus GSM ဖုန်းဗားရှင်း Android 4.3 Root လုပ်နည်း
Google Galaxy Nexus GSM ဖုန်းအတွက်
ဗားရှင်း Android 4.3 Root လုပ်နည်းကို တင်ပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ chainfire ရဲ့ Auto Root ဖိုင်ဖြင့်
Odin ကိုအသုံးပြုပြီး အလွယ်တကူ Flash ပေးပြီး Root လုပ်ယူနိုင်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Google Galaxy Nexus GSM အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Model Android 4.3 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Download Here CF-Auto-Root Package
CF-Auto-Root ဖြင့် Root လုပ်နည်း
======================
ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
မြန်မာစာအမှန်ထည့်နည်း
===============
ဖုန်းမှာ Root access ရရှိပြီးရင်တော့ မြန်မာစာအတွက်
အမှန်ရချင် ကီးဘုတ်အတွက် Frozen ကိုထည့်ပြီး
ဖောင့်အတွက် ifont & Zawyi One apk ရိုးရိုးလေးကို
ထည့်သွင်းပြီး iFont ကနေ Zawyi One apk လေးကို
ထည့်သွင်းပေးလိုက်ပါ မြန်မာစာလုံးဝအမှန်မြင်ရမှာပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Google Galaxy Nexus GSM ဖုန်းဗားရှင်း Android 4.3 Root လုပ်နည်း
Reviewed by ဇူးနစ်
on
6:20 PM
Rating:

No comments: