Top Ad unit 728 × 90

Description of Image

latest News

recent

Google Nexus 6P ဖုန်းကို TWRP Recovery 3.0 ထည့်သွင်းနည်း

Google Nexus 6P ဖုန်းကို TWRP Recovery 3.0 ထည့်သွင်းနည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မိမိဖုန်းမှာ သက်ဆိုင်ရာ TWRP Recovery ကိုထည့်သွင်းထားပြီးရင်တော့
ကြိုက်နှစ်သက်တဲ့ Custom Rom များစိတ်ကြိုက်တင်ယူလို့ပါတယ်။

လိုအပ်ချက်များ
=========
ဖေါ်ပြ Twrp recovery ထည့်သွင်းနည်းသည် Google Nexus 6P ဖုန်းအတွက်
သီးသန့်ဖြစ်ပါတယ်၊ တစ်ခြား Device တွင် ထည့်သွင်းခြင်းမျိုးလုံးဝမပြုလုပ်ပါနဲ့။
ကွန်ပျူတာတွင် လိုအပ်မယ့် ADB USB Driver ကိုသေချာအောင်ပြုလုပ်ထားပါ။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Custom recovery ထည့်သွင်းအသုံးပြုခြင်းသည်
ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီး Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။

လိုအပ်တာများကိုအရင်ရယူလိုက်ပါ



How to Install TWRP Recovery 
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ
၂။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ
လိုအပ်တာများကိုဒေါင်းလော့ရပြီ zip ဖြည်လိုက်ပြီး Desktop မှာထားပါ
recovery file ကို Fastboot Folder ထဲမှာထားလိုက်ပါ။

Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

adb reboot bootloader

အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

fastboot flash recovery twrp-3.0.0-angler.img

Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။

fastboot reboot

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။

Twrp recovery mode တွင်တကယ်လို့ မိမိဖုန်းရဲ့ Rom ကို Backup ပြုလုပ်ပြီး 
တစ်ခြား Custom Rom များကို ထည့်သွင်းအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

ခလုပ်အနာသက်သာစေမယ့် Quick Boot app ကိုအသုံးပြုကြည့်စေချင်ပါတယ်
အောက်ကလင့်မှာအသုံးပြုနည်းကိုပါ လေ့လာကြည့်လိုက်ပါ




အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)



Google Nexus 6P ဖုန်းကို TWRP Recovery 3.0 ထည့်သွင်းနည်း Reviewed by ဇူးနစ် on 5:48 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.