Top Ad unit 728 × 90

Description of Image

latest News

recent

Huawei Honor 5X ဖုန်းကို TWRP Recovery ထည့်သွင်းနည်း


Huawei Honor 5X ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့
သင့်ဖုန်းမှာ bootloader ကို unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမယ်။

မိမိဖုန်းမှာ Bootloader လည်း unlcok ဖြစ်နေပြီ TWRP Recovery လည်း
ထည့်သွင်းထားပြီဆိုရင်တော့ Custom Rom များကိုပျော်ပျော်ကြီး ကလစ်ယူနိုင်ပြီပေါ့။


လိုအပ်ချက်များ
=========
၁။ သင့်ဖုန်းကို အရင်ဦးဆုံး Bootloader Unlock ပြုလုပ်ထားရပါမည်
၂။ ကွန်ပျူတာတွင် လိုအပ်မယ့် ADB & Fastboot Driver ကိုထည့်သွင်းထားရပါမည်။

ဒီအတွက် တင်ပေးထားပြီးသားဖြစ်တဲ့ Huawei Honor 5X ဖုန်းအတွက်
bootloader Unlock ပြုလုပ်နည်းအပြည့်အစုံကိုအောက်ကလင့်မှာဝင်ကြည့်လိုက်ပါ


လိုအပ်တာများဒေါင်းလော့ရယူလိုက်ပါ




How to install TWRP Recovery
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ
၂။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ
လိုအပ်တာများကိုဒေါင်းလော့ရပြီ zip ဖြည်လိုက်ပြီး Desktop မှာထားပါ
recovery file ကို Fastboot Folder ထဲမှာထားလိုက်ပါ။

Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
 “open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။

adb reboot bootloader

အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။

fastboot flash recovery twrp_kiwi.img

Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။

fastboot reboot

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။

သင့်ဖုန်းမှာ  TWRP Recovery ထည့်သွင်းပြီးပါက TWRP Recovery ထည့်သွင်းထားမှု
အဆင်ပြေမပြေကြည့်ချင်တယ်ပဲဖြစ်ဖြစ် Custom Rom များတင်ယူလိုတယ်ပဲဖြစ်ဖြစ်
ခလုပ်အနာသက်သာစေမယ့် Quick Boot app ကိုအသုံးပြုကြည့်စေချင်ပါတယ်။




အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)




Huawei Honor 5X ဖုန်းကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 2:25 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.