iOS Mail App မှာ Unread Folder ကိုဘယ်လို ထည့်သွင်းမလဲ
iPhone, iPad ကို အသုံးပြုနေတဲ့ သူတွေအတွက် မိမိ Mail box မှာ Unread Folder ကို ထည့်သွင်းထားခြင်းဖြင့် Mail ထဲ ဝင်ရောက်လာတဲ့ မဖတ်ရသေးတဲ့ mail တွေကို အလွယ်တကူနဲ့ ရှာဖွေဖတ်ရှု နိုင်မြှာ ဖစ်ပါတယ်။ Unread folder ကိုဖန်တီးဖို့ရာအတွက် Apple က iOS 7 မှာကတည်းက သုံးစွဲသူတွေ မဖတ်ရသေးတဲ့ mail တွေကို အလျင်အမြန်နဲ့ရှာဖွေ ဖတ်ရှုနိုင်ရန်အတွက် Unread folder ကိုဖန်တီးနိုင်ဖို့ feature ကို ထည့်သွင်းပေးထားခဲ့ပါတယ်။ Unread Folder ကို iOS Mail App မှာ ထည့်သွင်းထား ဖို့အတွက် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံး Mail App ကိုဖွင့်ပါ။ ပြီးသွားရင် Mailboxes ဆိုတဲ့နေရာရဲ့ ညာဘက်အပေါ် ထောင့်နားမှာရှိတဲ့ Edit ဆိုတဲ့ ခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Edit Button ကို နှိပ်ပြီးရင် အောက်ခြေဘက်ကိုဆင်းပြီး ရှာကြည့်လိုက်ပါ။ Unread ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Unread ဆိုတဲ့ Button ရဲ့ ညာဘက် အခြမ်းနားမှာ လိုင်းသုံးလိုင်းပါတဲ့ button လေးကို နှိပ်ပြီး အပေါ်ဘက်ရှိ All inboxes ဆိုတဲ့ အောက်မှာ ထားပေးလိုက်ရမှာ ဖြစ်ပါတယ်။ All inboxes နေရာမှာ Unread folder ကို ထားပြီးပြီဆိုရင် ဘယ်ဘက်အခြမ်းမှာ အမှန်ခြစ်လေးထည့်ပြီး ညာဘက်ထောင့် အပေါ်ရှိ Done ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Mail box အောက်ခြေမှာ Unread ဆိုတဲ့ Folder လေးပေါ်နေပါလိမ့်မယ်။ အဆိုပါနေရာကနေ မဖတ်ရသေးတဲ့ စာတွေကို အလွယ်တကူနဲ့ ဝင်ရောက်ဖတ်ရှု နိုင်မှာဖြစ်ပါတယ်။
Ref: macrumors
Internet Journal
ဇူးနစ်(နည်းပညာ)
iOS Mail App မှာ Unread Folder ကိုဘယ်လို ထည့်သွင်းမလဲ
Reviewed by ဇူးနစ်
on
8:18 AM
Rating:

No comments: