LG Volt ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
LG Volt ဖုန်းကို TWRP Recovery ထည့်သွင်းချင်တဲ့
ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို TWRP Recovery သွင်းမယ်ဆိုရင်တော့
ADB & Fastboot ကိုအသုံးပြုပြီး Command တွေဖြင့်
လိုအပ်တာများကိုအောက်မှာရယူပါ
How to Install TWRP Recovery
===================
TWRP Recovery ထည့်သွင်းခြင်းကိုမပြုလုပ်မှီ မိမိကွန်ပျူတာတွင်
ADB Driver ဆိုင်ရာကို သေချာအောင်လုပ်ထားပေးလိုက်ပါ
လိုအပ်တာများကိုဒေါင်းရယူပြီး လိုအပ်တာများကိုဒေါင်းလော့ရယူလိုက်ပါ၊
ADB & Fastboot zip ဖိုင်နဲ့ TWRP ဖိုင်ကို ဖြေလိုပါ ပြီးရင် TWRP ဖိုင်ကို
recovery.img ဆိုပြီး နာမည်ပြောင်ပေးလိုက်ပါ TWRP ဖိုင်ကို
Fastboot Folder မှာထည့်ထားပါ။
ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ Fastboot Folder ကိုဖွင့်လိုက်ပြီး
Shift key and right-click တစ်ချက်ထောက်ပြီး “open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။
adb reboot bootloader
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
fastboot flash recovery recovery.img
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။
fastboot reboot
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။
သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါက
မိမိဖုန်းမှာ TWRP Recovery ထည့်သွင်းထားမှု
အဆင်ပြေမပြေကြည့်ချင်တယ်ပဲဖြစ်ဖြစ် Custom Rom များ
တင်ယူလိုတယ်ပဲဖြစ်ဖြစ် ခလုပ်အနာသက်သာစေမယ့်
Quick Boot app ကိုအသုံးပြုကြည့်စေချင်ပါတယ်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
LG Volt ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
1:51 AM
Rating:

No comments: