Top Ad unit 728 × 90

Description of Image

latest News

recent

Rooted Device အတွက် TWRP Recovery 3.0.0 ကိုထည့်သွင်နည်း


Rooted Device အတွက် TWRP Recovery 3.0.0 ကိုထည့်သွင်းအသုံး
ပြုချင်တဲ့ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

TWRP Recovery ဆိုတာကိုတော့ အထူးပြောနေစရာမလိုလောက်တော့ဖူးလို့
ထင်ပါတယ်၊ အတိုချုပ်ပြောရရင်တော့ TWRP Recovery ဆိုတာ Android စမတ်ဖုန်း
 Version- Jellybean, KitKat, Lollipop, marshmallow အတွက် 
Custom Revovery ဆိုင်ရာကို အကောင်းဆုံး အလုပ်လုပ်ပေးနိုင်တဲ့
 Recovery Project ဖြစ်ပါတယ်။


Android ဖုန်းများတွင် TWRP Recovery ကိုထည့်သွင်းမယ်ဆိုရင်တော့
နှစ်လမ်းနှစ်မျိုးဖြင့် ထည့်သွင်းအသုံးပြုလို့ရပါတယ်၊ 

ဒီ TWRP Recovery ကို Rooted Device တွင်လည်း
ထည့်သွင်းအသုံးပြုနိုင်သလို No Rooted Device တွင်လည်း ထည့်သွင်းနိုင်ပါတယ်။

ယခုကျနော် ပြောပြသွားမယ့်နည်းလမ်းကတော့ Rooted device အတွက်သာ
ဖြစ်ပါတယ်၊ Root access မရှိသေးတဲ့ Device များအတွက် TWRP Recovery ထည့်သွင်း
နည်းကိုတော့ အောက်ကလင့်မှာဝင်ပြီးလေ့လာကြည့်လိုက်ပါ။


လိုအပ်ချက်များ
=========
Rooted Users များအတွက် TWRP 3.0.0 ကိုသက်ဆိုင်ရာ
မိမိဖုန်းများတွင် ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့ 

၁။ မိမိဖုန်းဟ Root access ရရှိထားပြီးသားဖုန်းဖြစ်ရပါမည်။
၂။ အရင် မိမိဖုန်းတွင် TWRP 2.8.4 ဗားရှင်းနဲ့အထက်ကို
ထည့်သွင်းအသုံးပြုထားပြီးသားဖြစ်နေရပါမည်။




How to Install TWRP 3.0.0 For Rooted Users
==============================
အထက်ပါ လိုအပ်ချက်များကို ဖတ်ကြည့်ပြီးပြီဆိုရင်တော့
သက်ဆိုင်ရာ ဖုန်းများအတွက် လိုအပ်မယ့် TWRP image file များကို
အပေါ်မှာပေးထားတဲ့ လင့်မှာဒေါင်းလော့ရယူလိုက်ပါ။

၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ 

၂။ TWRP Recovery 3.0.0.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကိုပါဝါပိတ်ပြီး Volume Up + Home + power များကို
တွဲနှိပ်ထားပြီး Recovery Mode သို့ဝင်လိုက်ပါ၊ 

၎။ Recovery Mode တွင် install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ

၅။ WRP Recovery 3.0.0.zip ဖိုင်အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery 3.0.0.ကို
ထည့်သွင်းပြီးပါပြီ။ 


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 



Rooted Device အတွက် TWRP Recovery 3.0.0 ကိုထည့်သွင်နည်း Reviewed by ဇူးနစ် on 4:32 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.