Samsung Galaxy Grand 3 SM-G7200 Official Firmware ပြန်တင်နည်း
Galaxy Grand 3 SM-G7200 ဖုန်းအတွက် Official Firmware ပြန်တင်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ Firmware ဒေါင်းလော့လင့်လည်း
အဆင်ပြေမယ့်နေရာကိုညွှန်ပေးထားပါတယ် အလိုရှိတဲ့သူတွေကတော့
အောက်ကလင့်မှာ ရယူထားလိုက်ကြပါ။
Firmware တင်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း Odin ကနေ
Flash ပေးပြီးအလွယ်တကူ တင်ယူပေးရမှာပဲဖြစ်ပါတယ်။
Firmware တင်ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
How to Install Full Official Firmware
======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က Bootloader/PDA/Phone/CSC ဆိုတဲ့နေရာမှာ
Firmware Folder ထဲမှ ဖိုင်များကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်း official firmware လေးကိုတွေ့မြင်ရပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy Grand 3 SM-G7200 Official Firmware ပြန်တင်နည်း
Reviewed by ဇူးနစ်
on
9:00 AM
Rating:

ဆရာသင်တန်းသားလက်ခံလားသိချင်ပါတယ်
ReplyDelete