Samsung Galaxy Grand Prime SM-G531F ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Samsung Galaxy Grand Prime SM-G531F ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ Custom Rom တင်ယူတာပဲဖြစ်ဖြစ် မိမိဖုန်းမှာ TWRP ကိုသာ
ထည့်သွင်းထားရင် အလွယ်တကူ Flash ပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
အခုနောက်ပိုင်း Samsung Devices တိုင်းမှာ CWM Recovery ကြီး
သိပ်အဆင်မပြေတော့ပါ၊ TWRP Recovery ကပိုအဆင်ပြေသလိုပါပဲ
ဆုံတုန်းလေး အကြံပေးချင်တာက သင်ကိုင်ဆောင်နေတဲ့ ဖုန်းအမျိုးအစားက
Samsung ဖြစ်နေခဲ့ရင်တော့ TWRP Recovery ကိုသာထည့်သွင်းအသုံးပြုစေချင်ပါတယ်။
ဖုန်းကို Root access ရရှိထားသော်လည်း Facebook/Viber/WhatsApp/Youtube
စသည်တို့မှာ မြန်မာစာမှန်ကောင်းမှန်နေလိမ့်မယ်၊ Brower မှာတော့ မြန်မာစာ
100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းပြီးမှ အဆင်ပြေပါတယ်။
လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Grand Prime SM-G531F ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
Odin ကိုဖွင့်ပါ PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy Grand Prime SM-G531F ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
9:48 PM
Rating:

No comments: