Samsung Galaxy J1 ဖုန်းအတွက် ဗားရှင်း Android 4.4 Root လုပ်နည်း
Galaxy J1 ဖုန်းအတွက် ဗားရှင်း Android 4.4 Root လုပ်နည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဗားရှင်းအတွက် Auto Root File လေးတွေ့မိတာနဲ့ အသုံးပြုရအောင်လို့
ဒေါင်းလော့လင့်အဆင်ပြေမယ့်နေရာကိုညွှန်ပေးထားပါတယ်။
Auto Root ဖိုင်ဆိုပေမယ့် Odin ကနေ Flash ပေးပြီးတဲ့အခါ
ကွန်ပျူတာမှ iRoot Tool ဖြင့် ထပ်မံ Root လုပ်ပေးမှ
Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Click Here to Download Odin
Samsung USB Driver for Windows
Click Here to Download Odin
Samsung USB Driver for Windows
Galaxy J1 Root File ထည့်သွင်းနည်း
======================
ဖုန်းမှာ USB Debugging mode & OEM များကိုလEnable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
iRoot Tool ဖြင့် Root လုပ်နည်း
====================
iRoot Tool ဖြင့် Root လုပ်နည်းကိုတော့ အထူးပြောနေစရာမလိုဘူး
ထင်ပါတယ်၊ အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့အတွက် အကျဉ်း
ရေးပေးလိုက်ပါတယ်၊ အရင်ဦးဆုံး iRoot Tool ကိုရယူပြီး
ကွန်ပျူတာမှာ Install ပြုလုပ်လိုက်ပါ၊ ပြီးရင် ဖွင့်လိုက်ပါ။
ဖုန်းကို ကွန်ပျူတာဖြင့် ထပ်ပြီးချိတ်ဆက်လိုက်ပါ ကွန်ပျူတာက
ဖုန်းကိုသိပြီဆိုတာနဲ့ iRoot Tool မှာ Root ဆိုတာကိုနှိပ်လိုက်ပါ
Root process ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ
အချိန်အနည်းငယ်ကြာပြီးတဲ့နဲ့ Root Tool မှာ successfull ဆိုပြီး
ပြပေးနေပါလိမ့်မယ် ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့် စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy J1 ဖုန်းအတွက် ဗားရှင်း Android 4.4 Root လုပ်နည်း
Reviewed by ဇူးနစ်
on
6:53 PM
Rating:

I can't understand this instruction. Not briefly stated.
ReplyDelete