Samsung Galaxy S3 GT-I9300 4.3 ဗားရှင်းကို TWRP Recovery ထည့်သွင်းနည်း
Galaxy S3 GT-I9300 4.3 ဗားရှင်းကို TWRP Recovery ထည့်သွင်းနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို TWRP ထည့်သွင်း
မယ်ဆိုရင်တော့ Odin ကနေတင်ယူစရာမလိုပါ Apk လေးဖြင့် တိုက်ရိုက်
TWRP ကိုထည့်သွင်းယူလို့ရတဲ့ Flasher Tool apk တွေအနက်
ကျနော် စမ်းသပ်အသုံးဖြစ်တာကတော့ Rashr - Flash Tool ဖြစ်ပါတယ်။
အရမ်းအဆင်ပြေပါတယ်၊ ဒီ Rashr-Flash Tool apk ကိုအသုံးပြုမယ်
ဆိုရင်တော့ သင့်ဖုန်းမှာ Root access တော့ရှိနေရပါမယ်။
ဒီအတွက် Galaxy S3 GT-I9300 4.3 ဗားရှင်း Root လုပ်နည်းကို
အောက်ကလင့်မှာဝင်လေ့လာကြည့်လိုက်ပါ
Samsung Galaxy S3 GT-I9300 4.3 ဗားရှင်း Root လုပ်နည်း

How to Flash TWRP
=============
Rashr - Flash Tool ကို Play Store မှ ဒေါင်းလော့ရယူပြီး
ဖုန်းမှာ Install ပြုလုပ်လိုက်ပါ၊ ပြီးရင် Apk ကိုဖွင့်လိုက်ပါ
တကယ်လို့ Update တောင်းလာပါက လိုင်းအဆင်ပြေနေရင်
ပြုလုပ်ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်းပွင့်လာတဲ့အခါ
TWRP Recovery ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ

ဒီ Apk ကိုအသုံးပြုနေတဲ့အချိန်မှာ Mobile Data အင်တာနက်ပဲဖြစ်ဖြစ်
Wifi အင်တာနက်ပဲဖြစ်ဖြစ် လိုအပ်ပါတယ်၊ လိုင်းပေါ်ကတိုက်ရိုက်
ဒေါင်းလော့ရယူပြီး ထည့်သွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ပါ
အောက်ပါပုံအတိုင်း တက်လာတဲ့အခါ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
TWRP 2.7.1.0 (i9300) ဆိုတာကို ကျနော်ကတော့ ရွေးချယ်လိုက်ပါတယ်
အဲဒီရဲ့အောက်မှာလည်း TWRP 2.7.0.0 (i9300) ဆိုပြီးတစ်ခုရှိပါသေးတယ်
မိမိဖုန်းအတွက် အဆင်ပြေမယ့်ဟာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
စကားစပ်မိလို့ပြောရဦးမယ် ဒီ Apk တွေကိုအသုံးပြုတတ်ခဲ့ရင်တော့
ဖုန်းတစ်လုံးအတွက် လိုအပ်နေတဲ့ CWM/TWRP/Philz Recovery များကို
လိုင်းလေးအဆင်ပြေနေရုံဖြင့် ဒီ ဆော့ဝဲလေးကနေ တိုက်ရိုက်ဒေါင်းလော့
ရယူပြီး မိမိဖုန်းအတွက် အသင့်ထွက်ရှိထားတဲ့ ဗားရှင်းကို အတိအကျ
ထည့်သွင်းယူနိုင်တယ်ဆိုတာကို သိမြင်လောက်ပါပြီ။

TWRP 2.7.1.0 (i9300) ဆိုတာကို ရွေးချယ်ပြီးတာနဲ့
လိုင်းအခြေအနေပေါ်မှာမူတည်ပြီး ဒေါင်းလော့မှု မြန်နေပါလိမ့်မယ်
အားလုံးပြီးသွားရင်တော့ အောက်ပါပုံအတိုင်း ဖုန်းကို Reboot ချခိုင်းပါလိမ့်မယ်
Yes ဆိုတာကို နှိပ်ပေးပြီး သင့်ဖုန်းကို Recovery Mode တိုက်ရိုက်ဝင်ကြည့်လိုက်ပါ

TeamWin Recovery Mode ဖြင့် တက်လာပါလိမ့်မယ်
Manual အနေဖြင့် ၀င်ကြည့်ချင်တယ်ဆိုရင်တော့ Apk ကိုဖွင်လိုက်ပြီး
အောက်ပါပုံအတိုင်း Reboot Recovery ဆိုတာကို နှိပ်လိုက်ပါ။
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်
Samsung Galaxy S3 GT-I9300 All Stock Rom firmware များနဲ့တင်နည်း
ဇူးနစ်(နည်းပညာ)
www.zunite.org
Manual အနေဖြင့် ၀င်ကြည့်ချင်တယ်ဆိုရင်တော့ Apk ကိုဖွင်လိုက်ပြီး
အောက်ပါပုံအတိုင်း Reboot Recovery ဆိုတာကို နှိပ်လိုက်ပါ။
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်
Samsung Galaxy S3 GT-I9300 All Stock Rom firmware များနဲ့တင်နည်း
ဇူးနစ်(နည်းပညာ)
www.zunite.org
Samsung Galaxy S3 GT-I9300 4.3 ဗားရှင်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
12:16 AM
Rating:

No comments: