Samsung Galaxy S3 SC-06D DoCoMo ဖုန်းဗားရှင်း Android 4.0.4 Root လုပ်နည်း
Galaxy S3 SC-06D DoCoMo ဖုန်း ဗားရှင်း Android 4.0.4 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ သူ့အတွက် အသင့်ထွက်ရှိထားတဲ့
Auto Root File ဖြင့် Odin ကနေအလွယ်တကူ Flash ပေးပြီး
Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။
Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
CF-Auto-Root ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy S3 SC-06D DoCoMo ဖုန်းဗားရှင်း Android 4.0.4 Root လုပ်နည်း
Reviewed by ဇူးနစ်
on
10:38 AM
Rating:

No comments: