Samsung Galaxy S3 SHV-E210K ဖုန်း ဗားရှင်း Android 4.4.4 Root လုပ်နည်း
Galaxy S3 SHV-E210K ဖုန်း ဗားရှင်း Android 4.4.4 Root လုပ်နည်းကို
သတိရတုန်းလေးပြန်တင်ပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
chainfire ရဲ့ Auto Root File ကိုညွှန်ပေးရပါလိမ့်မယ်၊ ဒီဖားရှင်းအတွက်
Auto Root ဖိုင်ဖြင့် Odin ကနေအလွယ်တကူ Flash ပေးပြီး Root ဖောက်ယူနိုင်ပါတယ်။
လိုအပ်ချက်များ
========
ဖေါ်ပြနည်းလမ်းသည် Android 4.4.4 အတွက်သီးသန့်ဖြစ်ပါတယ်။
ဖုန်း Galaxy S3 တွင် model number SHV-E210K အတွက်သာဖြစ်ပါတယ်။
ဖေါ်ပြပါ Rooting Guide သည် ကွန်ပျူတာဖြင့် Odin flash tool ကိုအသုံးပြုပြီး
Root ဖောက်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Custom recovery ထည့်သွင်းအသုံးပြုခြင်းသည်
ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီး Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
CF-Auto-Root ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy S3 SHV-E210K ဖုန်း ဗားရှင်း Android 4.4.4 Root လုပ်နည်း
Reviewed by ဇူးနစ်
on
6:30 PM
Rating:

No comments: