Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy S3 SHV-E210K ဖုန်းကို CWM Recovery ထည့်သွင်းနည်း

Galaxy S3 SHV-E210K ဖုန်းကို CWM Recovery ထည့်သွင်းချင်တဲ့
ညီအကိုတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို CWM Recovery ထည့်သွင်းမယ်ဆိုရင်တော့ ပုံမှန်အတိုင်း
Odin ကနေ CWM Recovery ဖိုင်ကို Flash ပေးပြီးထည့်သွင်းနိုင်ပါတယ်။


လိုအပ်ချက်များ
=========
ဖေါ်ပြပါ CWM Recovery file သည် GT-I9300 ဖုန်းအတွက်
CWM version 6.0.3.2 ပဲဖြစ်ပါတယ်၊ XDA ရဲ့ original ပို့အရဆိုရင်တော့
ဒီ Korean ဖုန်းဖြစ်တဲ့ Galaxy S3 SHV-E210K မှာလည်းအလုပ်လုပ်တယ်လို့
ရေးသားထားပါတယ်။

ယခုဖေါ်ပြပါ  CWM Recovery ထည့်သွင်းနည်းသည် တစ်ခြား
Device များတွင် ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါနဲ့။

Galaxy S3 SHV-E210K ဖုန်းအတွက် Rooted device & Unroot device နှစ်မျိုးလုံးသည်
Custom recovery ထည့်သွင်းခြင်းသည် ကွဲပြားခြားနားမှုတော့သိပ်မရှိပါ။

ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Custom recovery ထည့်သွင်းအသုံးပြုခြင်းသည်
ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။

ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီး Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။

CWM ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ


CWM Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ cwmo.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ CWM Recovery ရရှိနေပါပြီ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)


Samsung Galaxy S3 SHV-E210K ဖုန်းကို CWM Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 6:49 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.