ZTE Axon Elite ဖုန်းကို Custom Recovery ထည့်သွင်းပြီး Root လုပ်နည်း
ZTE Axon Elite ဖုန်းကို Custom Recovery ထည့်သွင်းပြီး
Root လုပ်နည်းကို အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ TWRP ကိုထည့်သွင်းပြီး
လိုအပ်ချက်များရယူပါ
============
How to Install TWRP Recovery
=====================
လိုအပ်တာများကိုဒေါင်းလော့ရယူလိုက်ပါ၊ ADB & Fastboot zip ဖိုင်နဲ့
TWRP ဖိုင်ကို ဖြေလိုပါ ပြီးရင် TWRP ဖိုင်ကို “twrp-recovery.img”. ဆိုပြီး
နာမည်ပြောင်ပေးလိုက်ပါ TWRP ဖိုင်ကို Fastboot Folder မှာထည့်ထားပါ။
ဖုန်းကိုပါဝါပိတ်ပြီး Volume Down + Volume Up + Power များကိုတွဲနှိပ်ထားပြီး
Fastboot mode သို့ဝင်လိုက်ပါ၊ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ။
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
Command Box ပွင့်လာတဲ့အခါ အောက်ပါစာကြောင်းကို
မှန်အောင်ရိုက်ထည့်ပြီး Enter ကိုတစ်ချက်ခေါက်ပါ။
fastboot devices
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
dd if=/sdcard/recovery.img of=/dev/block/bootdevice/by-name/recovery
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Recovery သို့ဝင်ကြည့်လိုက်ပါ
adb reboot recovery
recovery mode တွင် SD Card တွင်ရှိတဲ့ SuperSu.zip ဖိုင်ကို
Flash ပေးလိုက်ပါ၊ အားလုံးပြီးရင် ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ။

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
ZTE Axon Elite ဖုန်းကို Custom Recovery ထည့်သွင်းပြီး Root လုပ်နည်း
Reviewed by ဇူးနစ်
on
3:57 PM
Rating:

No comments: