Top Ad unit 728 × 90

Description of Image

latest News

recent

ဘလော့ဂါ ညီအစ်ကိုများသို့ အိတ်ဖွင့်ပေးစာ


ချစ်လှစွာသော နည်းပညာ ညီအကိုများခင်ဗျား
ကျနော်တို့ရဲ့ ပိုစ့်ခေါင်းစဉ်လေးကိုမြင်တာနဲ့ ဘာဆိုတာကိုသိကြမှာပါ၊

 ဒီလိုမျိုးရင်းနှီးခင်မင်စွာဖြင့် ဖိတ်ခေါ်ချင်နေခဲ့တာကြာပါပြီ၊ ဒီအကြိမ်က
ဒုတိယ အကြိမ်မြောက်အနေဖြင့် ညီအကိုများကို ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။


ကျနော်တို့ဆိုရာတွင် ဇူးနစ်(နည်းပညာ) နှင့် အေးကျော် (နည်းပညာ) တို့ဖြစ်ကြပါတယ်
အချို့သော ညီအကိုတွေက ကျနော်တို့နှစ်ယောက်ကို တစ်ယောက်တည်းလို့ထင်နေကြတာ
တကယ်တော့ မဟုတ်ပါဘူးခင်ဗျား… 

ကျနော် ဇူးနစ် က သီးသန့် အေးကျော် က သီးသန့် စီပါ Blog ရေးတဲ့နေရာမှာ
လက်တွဲဖေါ်ဖြစ်လို့ Blog Template လည်း ဆင်တူရိုးမားဖြစ်နေတာပါ။

ကျနော်တို့ရဲ့ Blog တွေကိုစတင်ကတည်းက နည်းပညာဆိုင်ရာ လေ့လာလိုကြတဲ့ ညီအကိုတွေအတွက်
မြန်မာလို လွယ်လင့်တကူ လေ့လာလို့ရအေင် ရည်ရွယ်ခဲ့တာဖြစ်လို့ တကယ်လည်းကြိုး စားဖြစ်ခဲ့ကြပါတယ်။

အောင်မြင်တယ်မပြောသာပေမယ့် ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တစ်ခြားသော
ညီအကိုများရဲ့ ၀ိုင်းဝန်းကူပေးမှုတွေကြောင့် အတိုင်းအတာတစ်ခုထိ ကျနော်တို့ ချီတက်နိုင်ခဲ့ကြပါပြီ။

ကျနော်တို့ ဒီပိုစ့်လေးကို ရေးလိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ နည်းပညာပိုင်းဆိုင်ရာ
ဝါသနာပါပြီး လက်တွဲဖေါ်အဖြစ်ဖြင့် နေ့စဉ် မိမိသိရှိထားတာလေးတွေနဲ့ အခြားသော Tip & Trick များကို 
တစ်ဆင့် ပြန်လည် မျှဝေပေးလိုတဲ့ ညီအကိုတွေအတွက် အထူးရည်ရွယ်ပြီး ရေးလိုက်ရခြင်းဖြစ်ပါတယ်။


ချစ်ပရိသတ်များရဲ့ FB နဲ့ Blog တို့ရဲ့ Comments Box များမှ တောင်းဆိုမှုတိုင်းအားလုံးကို
မတင်ပေးနိုင်ခဲ့ပေမယ့်လည်း %85% ရာခိုင်နှုန်းလောက်ထိ အပင်ပန်းခံပြီး ရေးတင်ပေးနေပါတယ်။ 

နောင်လည်း တောင်းဆိုမှုတိုင်းကို အထူးကြို ဆိုနေသလို ဆောင်းဆိုမှုများကိုလည်း 
အကောင်းဆုံးမဟုတ်တောင်မှ အတတ်နိုင်ဆုံး ကူညီပေးသွားမှာပဲဖြစ်ပါတယ်။

ကျနော်တို့ Blog တွေဟာ နည်းပညာနှင့် ဆော့ဝဲများ မျှဝေဖို့အတွက် သီးသန့်ဖြစ်သလို၊ တစ်ခြားသော သုတရသ စုံလင်စွာဖြင့်၊ စာပေများကိုလည်း အချိန်နဲ့ တစ်ပြေးညီစွာ ဖတ်ရှုနိုင်အောင် ကြိုးစား နေကြပါတယ် 

ကျနော်တို့နဲ့အတူ ၀ါသနာချင်း တူသူ ဘယ်သူမဆို နည်းပညာနှင့် ဆော့ဝဲများ သုတရသ စုံလင်စွာဖြင် မျှဝေချင်တယ်ဆိုရင်တော့ ဇူးနစ်(နည်းပညာ) www.zunite.org နှင့် အေးကျော် (နည်းပညာ) www.akyekyaw.org  တို့မှ အားလုံးကို လွပ်လွတ်စွာ ဖိတ်ခေါ်ပါတယ်ခင်ဗျား...

Blogger ညီအကိုများအတွက်လည်း ညီအကိုတို့ရဲ့ ဆိုက်အသီးသီးမှာ ကျနော်တို့ 
တတ်နိုင်သလောက် သွားရောက် ပြန်လည်မျှဝေပေးသွားမှာဖြစ်သလို ဘလော့ဆိုင်ရာ
အကူအညီများကိုလည်း တတ်သိနားလည်သလောက် ကူညီပေးသွားလည်းဖြစ်ပါတယ်။

ကျနော်တို့ Blog မှာ ဘာကြော်ငြာ ADS မှလည်း မခံထားသလို Blog ပိုစ့်များနဲ့ ပတ်သလို့
ညီအကိုတို့အတွက်လည်း ဘာစည်းမျဉ်း ဥပဒေမှ မရှိပါဘူးခင်ဗျား စိတ်ကြိုက်မျှဝေနိုင်ပါတယ်။

ညီအကိုများအနေဖြင့် ကျနော်နဲ့ အတူ နည်းပညာချစ်ပရိတ်သတ်ကြီးများကို
မိမိတတ်သိသလောက်သော  နည်းပညာနှင့် ဆော့ဝဲများနဲ့ အခြားသော နည်းပညာများ၊ 
သုတရသ စုံလင်စွာငဖ့် အချိန်နဲ့တစ်ပြေးညီ ပြန်လည်မျှဝေပေးချင်တယ်ဆိုရင်တော့ ဒီပိုစ့်ရဲ့အောက် Comments Box မှာ ညီအကိုတို့ရဲ့ Admin Email လေးကို ထားခဲ့ပေးပါခင်ဗျား ကျနော်တို့ အားလုံးကို Admin & Author အဖြစ် Invite လုပ်ပေးသွားမှာ ဖြစ်ပါကြောင်း နည်းပညာ ညီအကိုများ အားလုံးကို အသိပေး ဖိတ်ခေါ်ပါတယ်ခင်ဗျား...




အားလုံးကို ခင်မင်လေးစားလျှက်




ဇူးနစ်(နည်းပညာ) 





အေးကျော်(နည်းပညာ) 




We are Blogger Brothers 

Friendship will never end

ဘလော့ဂါ ညီအစ်ကိုများသို့ အိတ်ဖွင့်ပေးစာ Reviewed by ဇူးနစ် on 10:46 PM Rating: 5

14 comments:

  1. Replies
    1. Invite လက်ခံပေးတာ ကျေးဇူးတင်ပါတယ် bonenayka1500@gmail.com ရယ်
      နည်းပညာပိုင်ဆိုင်ရာတွေကို လက်တွဲရင်းကြိုးစားတင်ပေးဖို့ ကြိုဆိုပါတယ် www.nyilattun.com မှ

      Delete
  2. ညီလတ်ထွန်း(ဘီအမ်း)
    ittharlaymm@gmail.com သို့
    Admin & Author အဖြစ် Invite တောင်းဆိုပါရစေဆရာ။

    ReplyDelete
  3. myainggyitrading@gmail.com
    အကိုဘလော့နဲ့ လင့်ချိတ်ချင်တာရမလားမသိဘူးနော်
    Please ချိတ်နည်းလေးပေးပါ

    ReplyDelete
  4. myainggyis.blogspot.com ကိုလာလည်ဖို့ ဖတ်ခေါ်ပါတယ်

    ReplyDelete
  5. ဆန်းမွန်းစတား ( နည်းပညာ )ပါ ဆရာ ဆော့ဝဲလ်နဲ့ နည်းပညာများကို
    နေ့တိုင်းတော့မတင်နိုင်သေးပါဘူး အလုပ်အားရင်အားသလို တင်ပေးသွားပါမယ် ဆရာ
    datedate102@gmail.com Admin & Author အဖြစ် Invite တောင်းဆိုပါတယ် ဆရာ

    http://www.sunmoonstar-ngp.org/

    ReplyDelete
    Replies
    1. ဆန်းမွန်းစတား( နည်းပညာ )ရေ လက်တွဲရင်းကြိုးစားတင်ပေးဖို့ ကြိုဆိုပါတယ် www.nyilattun.com မှ
      ittharlaymm@gmail.com

      Delete
  6. အားပေးနေပါတယ် ဆရာ
    ဆရာဇူးနစ်ကော ဆရာအေးကျော်ကော
    ကျေးဇူးတင်ပါတယ်

    ReplyDelete
    Replies
    1. ညီအစ်ကို KoHtike ရေ ပူးပေါင်းရအောင် Gmail လေးထားခဲ့ပါ

      Delete
    2. ဆရာဇူးနစ်( နည်းပညာ )ရေ လက်တွဲရင်းကြိုးစားတင်ပေးဖို့ ကြိုဆိုပါတယ် www.nyilattun.com မှ
      ittharlaymm@gmail.com

      Delete
  7. ကျနော်တို့ ညီအစ်ကိုများကိုစောင့်ပေးနေကြပါတယ် အားလုံးပါဝင်နိုင်အောင်လို့ပါ

    ReplyDelete
  8. myainggyitrading@gmail.com Admin & Author အဖြစ် Invite တောင်းဆိုပါတယ်ခင်ဗျာ

    ReplyDelete
  9. poethutaw4@gmail.com Admin&Author အဖြစ်​ ​Request လုပ်​ပါတယ်
    www.myanmartechvillage.blogspot.com ဆိုဒ်​​လေးကိုလဲလက်​တွဲ ​ခေါ်ပါ ခင်​ဗျား


    ReplyDelete

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.