Facebook Messenger ပေါ်မှာ ဘက်စကတ်ဘော ကစားမယ်
မိုဘိုင်းဖုန်းပေါ်ကနေ Facebook Messenger သုံးစွဲသူများအနေနဲ့ စစ်တုရင်အပြင်
ဘက်စကတ်ဘော ဂိမ်းကိုပါ ကစားနိုင်ပါပြီ။ အပျော်ကစားနိုင်တဲ့ အဆိုပါ မီနီဂိမ်းကို
Android OS မှာရော iOS မှာပါ ကစားနိုင်ပါတယ်။ ၎င်းဂိမ်းကို ကစားမယ်ဆိုရင်
Facebook Messenger app ကို Update ပြုလုပ်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
Facebook Messenger ကနေ ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့ ဘက်စကတ်ဘော မီနီဂိမ်းကို
ကစားဖို့အတွက် ကိုယ့်ရဲ့သူငယ်ချင်း တစ်ဦးထံ Emoji များထဲက Basketball emoji ကိုရွေးချယ်ပြီး ပို့ပေးလိုက်ပါ။ ပို့လိုက်တဲ့ Basketball emoji လေးကို နှိပ်လိုက်တာနဲ့ Facebook Messenger ထဲမှာ ဘက်စကတ်ဘောဂိမ်းကို စတင်ကစားနိုင်ပါပြီ။
ကစားပုံကတော့ မိုဘိုင်းဖုန်း screen ရဲ့ အောက်ခြေကနေ ဘောလုံးကို ခြင်းထဲဝင်အောင်
လက်နဲ့ ဆွဲပြီး ထည့်ရမှာဖြစ်ပါတယ်။ ၁၀ မှတ်အထက်ရပြီဆိုရင် backboard ဟာ စတင်ပြီး ရွေ့လျားနေပါလိမ့်မယ်။
Ref: androidcentral
Credit: သီဟ
Internet Journal
ဇူးနစ်(နည်းပညာ)
Facebook Messenger ပေါ်မှာ ဘက်စကတ်ဘော ကစားမယ်
Reviewed by ဇူးနစ်
on
8:34 AM
Rating:

No comments: