Huawei Mate 8 L-29 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
နာမည်ကြီး Huawei Mate 8 L-29 ဖုန်းကို TWRP Recovery ထည့်သွင်းချင်တဲ့
ဖုန်းကလစ်သူများနဲ့ Serivce သများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို TWRP ထည့်သွင်းမယ်ဆိုရင်တော့ ADB & Fastboot Command ဖြင့်
Fastboot Mode ကနေ Flash ပေးပြီး သွင်းယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြ Twrp recovery ထည့်သွင်းနည်းသည် Android One ဖုန်းအတွက်
သီးသန့်ဖြစ်ပါတယ်၊ တစ်ခြား Device တွင် ထည့်သွင်းခြင်းမျိုးလုံးဝမပြုလုပ်ပါနဲ့။
ကွန်ပျူတာတွင် လိုအပ်မယ့် ADB USB Driver ကိုသေချာအောင်ပြုလုပ်ထားပါ
မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ
ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။
လိုအပ်တာများကိုအရင်ရယူလိုက်ပါ
How to Install TWRP Recovery
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ
ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
recovery.img ဆိုပြီး နာမည်ပြောင်းပေးလိုက်ပါ။
၂။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ
recovery file ကို Fastboot Folder ထဲမှာထားလိုက်ပါ။
Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။
fastboot devices
အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
fastboot flash recovery recovery.img
Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီး ဖုန်းကို Reboot ချပေးလိုက်ပါ။
fastboot reboot
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ TWRP Recovery ထည့်သွင်းပြီးပါပြီ။
Twrp recovery mode တွင်တကယ်လို့ မိမိဖုန်းရဲ့ Rom ကို Backup ပြုလုပ်ပြီး
တစ်ခြား Custom Rom များကို ထည့်သွင်းအသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။
ခလုပ်အနာသက်သာစေမယ့် Quick Boot app ကိုအသုံးပြုကြည့်စေချင်ပါတယ်
အောက်ကလင့်မှာအသုံးပြုနည်းကိုပါ လေ့လာကြည့်လိုက်ပါ
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Huawei Mate 8 L-29 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
6:33 PM
Rating:

No comments: