Top Ad unit 728 × 90

Description of Image

latest News

recent

Lava A1 Android Version 5.1 ကို Root ဖောက်ပြီး မြန်မာစာအမှန်ထည့်နည်း

Lava A1 ဖုန်းအတွက် Android Version 5.1 ကို Root ဖောက်ပြီး
မြန်မာစာအမှန်ထည့်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အမေးအများဆုံး ဖုန်းတစ်လုံးဖြစ်မယ်ထင်ပါတယ်၊ နည်းမှန်လမ်းမှကျရင်တော့
Root access ရရှိဖို့ လွယ်ကူပြီး မြန်မာစာအတွက်လည်း လုံးဝအဆင်ပြေပါတယ်။


ဒီဖုန်းအတွက် Root လုပ်နည်းကို Admin အေးကျော် မှ ကျနော် ဆိုက်မှာ
တင်ပေးထားတာ သုံးလကျော်လောက်တောင်ရှိနေပါပြီ၊ မူရင်းပိုစ့် ပိုင်ရှင်ကတော့
(ဘိုမလေးနည်းပညာ) မှ အစ်ကို အေးကျော် ယူလာပြီးပြန်လည် Share ပေးထားတာပါ။

မနေ့ကတော့ သူငယ်ချင်းတစ်ယောက် သူ့ဖုန်းလေး ၀ယ်ထားတာတော့
ကြာနေပြီ အခုချိန်ထိ မြန်မာစာမမှန်သေးဘူး လုပ်ပေးပါဦးဆိုလို့ ကူပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ insecure boot img ဖိုင်နဲ့ Custom recovery file များကို
SP Flash Tool ကနေ အလွယ်တကူ Flash ပေးပြီး Recovry Mode ကနေ SupserSu.zip ဖိုင်ဖြင့်
Flash ပေးပြီး Root access ကိုရယူနိုင်မှာပဲဖြစ်ပါတယ်။

မြန်မာစာဖောင့် အမှန်အတွက်လည်း TWRP Recovery ထည့်သွင်းပြီးဖြစ်တဲ့အတွက်
မိမိကြိုက်နှစ်သက်ရာ ကီးဘုတ်ကို ထည့်သွင်းအသုံးပြုနိုင်သလို ဖောင့်အတွက်တော့
 TotalSolution 3.0 ZawgyiBase ဖြင့် စမ်းပြထားပါတယ်၊ 

Facebook/Viber/ WhatsApp/Youtube စသည့် Social Media apps များနဲ့ 
Brower မှာ မြန်မာစာ 100% အမှန်မြင်ရမှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
==========
SP Flash Tool
VCOM Driver
Recovey boot.Image
Custom Recovery.img
SuperSu.zip
USB Cable






မြန်မာစာဖောင့်အတွက်
=============
ကြိုက်နှစ်သက်ရာ ကီးဘုတ်တစ်ခုခု
 TotalSolution 3.0 ZawgyiBase zip ဖိုင်





Install insecure boot img
================
အပေါ်မှာပေးထားတဲ့ လိုအပ်တဲ့ဖိုင်များကို ဒေါင်းလော့ရယူပါ
 insecure boot img.zip ဖိုင်နဲ့ Custom recovery file များရဲ့ zip ကိုဖြည်လိုက်ပါ။

 insecure boot img.zip ဖိုင်ကို ဖြည်ထားသည့်ပုံ


Custom recovery file ကို zip ဖြည်ထားသည့်ပုံ


ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။

Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင်
Boot (Root) Folder မှ MT6735M_Android_scatter ဖိုင်ကို
 ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်း SP Flash Tool မှ Boot ဆိုတဲ့နေရာမှာ
အမှန်ခြင်းလေးပြနေပါလိမ့်မယ်၊ အမှန်ခြင်းမရှိသေးရင် အမှန်ခြစ်ပေးပါ။


Boot နေရာတွင် အမှန်ခြစ်ပေးထားပြီး Flash Tool မှ Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Volume Down ကီးကို ဖိနှိပ်ထားပြီး USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊

  ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့  insecure boot img ဖိုင်အတွက်
 Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။


insecure boot img ဖိုင်ကို ထည့်သွင်းခြင်း အောင်မြင်ပါပြီ။


Install Custom recovery file
==================
အပေါ်မှာပေးထားတဲ့ Custom Recovery File ကို ဒေါင်းလော့ပြီးရင်တဲ့
ပုံမှန်အတိုင်း Flash Tool ကနေ insecure boot img ဖိုင်ကို Flash ပေးသလို
Custom Recovery File ကိုလည်း နည်းတူ ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။

ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။

Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင် TWRP Recovery Folder ထဲမှ
MT6735M_Android_scatter  ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။


အောက်ပါပုံအတိုင်း SP Flash Tool မှ Recovery ဆိုတဲ့နေရာမှာ
အမှန်ခြင်းလေးပြနေပါလိမ့်မယ်၊ အမှန်ခြင်းမရှိသေးရင် အမှန်ခြစ်ပေးပါ။


Recovery နေရာတွင် အမှန်ခြစ်ပေးထားပြီး Flash Tool မှ Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Volume Down ကီးကို ဖိနှိပ်ထားပြီး USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊

 ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့ Recovery.img ဖိုင်အတွက်
 Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။


Custom recovery ဖိုင်ကို အောင်မြင်စွာဖြင့်ထည့်သွင်းပြီးပါပြီ။




SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Power + Vo up ကီး။

၅။ အောက်ပါပုံအတိုင်း Recovery Mode သို့ရောက်သွားပါလိမ့်မယ်။


၆။ Recovery Mode သို့တိုက်ရိုက်မရောက်သေးတာဖြစ်တဲ့အတွက်
ဖုန်းမှာ Volume Down ကီးကိုထပ်နှိပ်ပေးလိုက်ပါ။


၇။ အောက်ပါပုံအတိုင်း TWRP Recovery Mode ဖြင့်ပွင့်လာပါလိမ့်မယ်။



Boot ကို Backup ပြုလုပ်ထားလိုက်ပါ
====================
ဒီတစ်ခါ ဆုံမိလို့ပြောချင်တာလေးတစ်ခုကတော့
Recovery Mode မှ SuperSu.zip နဲ့ တစ်ခြား Zawgyi font zip ဖိုင်
များကို Flash မပြုလုပ်မှီ Boot တစ်ခုလုံးကို Full Backup ပြုလုပ်ထားလိုက်ပါ။

တကယ်လို့ အခန့်မသင့်လို့ လစ်သွားရင် Backup ပြုလုပ်ထားခဲ့ရင်တော့
အလွယ်တကူ Restore ပြန်လည်ရယူနိုင်မှာပဲဖြစ်ပါတယ်။


Backup ဆိုတာကိုနှိပ်ပြီး အောက်ပါပုံအတိုင်း Backup ဆွဲထားလိုက်ပါ


၈။ အောက်ပါပုံအတိုင်း Select Storage ကိုတစ်ချက်နှိပ်လိုက်ပါ
ပြီးရင် External Storage (2749MB) ဆိုတဲ့နေရာကို အမှန်ခြင်းပေးပြီး 
OK ကိုဆက်နှိပ်လိုက်ပါ၊ SD Card သို့ရောက်သွားပါလိမ့်မယ်။


၉။ အောက်ပါပုံအတိုင်း SD Card သို့ရောက်တဲ့အခါ SuperSu.zip ဖိုင်ကို
ရွေးချယ်ပေးလိုက်ပါ အောက်ပါပုံကိုကြည့်လိုက်ပါ။


၁၀။ SuperSu.zip ဖိုင်ကိုရွေးချယ်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း 
zip file signature verification ဆိုတဲ့နေရာမှာ 
အမှန်ခြစ်ပေးပြီး Flash ပြုလုပ်ပေးလိုက်ပါ ။


၁၁။ အောက်ပါပုံအတိုင်း SuperZu.zip ဖိုင်ကို ထည့်သွင်းခြင်း
အောင်မြင်ကြောင်းမြင်နေရတဲ့အခါ ဖုန်းကို Reboot ချကြည့်လိုက်ပါ။


၁၂။ အောက်ပါပုံအတိုင်း Reboot ဆိုတာကိုနှိပ် ပြီးရင် System ဆိုတာကို
တစ်ချက်နှိပ်ပြီးဖုန်းကို Reboot ချပေးလိုက်ပါ။


၁၃။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။
ဖုန်းမှာ SuperSu Apk လေး ရောက်နေပါလိမ့်မယ်။



၁၄။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။



မြန်မာစာဖောင့်နဲ့ ကီးဘုတ်အမှန်ထည့်နည်း
=======================
မိမိဖုန်းမှာ Root access လည်းရှိထားပြီ၊ Custom recovery လည်း
ထည့်သွင်းပြီးဆိုရင်တော့ မြန်မာစာဖောင့်အမှန်အတွက် ထည့်သွင်းရတာ
အရမ်းအဆင်ပြေသွားပါပြီ၊ ပုံသေနည်းတော့ မမှတ်စေချင်ပါ၊

ဖောင့် Apk တစ်ခုဟာ ဖုန်း Model တစ်ခုအတွက် အဆင်ပြေခဲ့ရင်
တစ်ခြား ဖုန်း Model တွင် အဆင်ပြေချင်မှ ပြေနိုင်ပါလိမ့်မယ်။

ကျနော်ကတော့ ဒီမှာ အနားမှအသင့်ရှိနေတဲ့ Frozenkeyboard ကို
ထည့်သွင်းလိုက်ပါ၊ ဒါလည်း အားလုံးရင်းနှီးပြီးသားဖြစ်တဲ့အတွက်
အထူး မပြောပြနေတော့ပါဘူးခင်ဗျား...

ဖောင့်အတွက် TotalSolution 3.0 ZawgyiBase ဖြင့် 
Recovery Mode ကနေ Flash ပေးယူနည်းကို ပြောပြမှာပါ

 ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Power + Vo up ကီး။

 အောက်ပါပုံအတိုင်း Recovery Mode သို့ရောက်သွားပါလိမ့်မယ်။

Install ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ


အောက်ပါပုံအတိုင်း Select Storage ကိုတစ်ချက်နှိပ်လိုက်ပါ
ပြီးရင် External Storage (2749MB) ဆိုတဲ့နေရာကို အမှန်ခြင်းပေးပြီး 
OK ကိုဆက်နှိပ်လိုက်ပါ၊ SD Card သို့ရောက်သွားပါလိမ့်မယ်


အောက်ပါပုံအတိုင်း SD Card သို့ရောက်တဲ့အခါ
 TotalSolution 3.0 ZawgyiBase ဖိုင်ကို
ရွေးချယ်ပေးလိုက်ပါ အောက်ပါပုံကိုကြည့်လိုက်ပါ


TotalSolution 3.0 ZawgyiBase ဖိုင်ကိုရွေးချယ်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း 
zip file signature verification ဆိုတဲ့နေရာမှာ အမှန်ခြစ်ကိုဖြုတ်ပြီး Flash ပြုလုပ်ပေးလိုက်ပါ 


အောက်ပါပုံအတိုင်း  ZawgyiBase ဖိုင် ကိုထည့်သွင်းခြင်း
အောင်မြင်ပြီးစီးကြောင်းပြနေခဲ့ရင်တော့ ဖုန်းကို Reboot ချပေးလိုက်ပါ


အောက်ပါပုံအတိုင်း Reboot ဆိုတာကိုနှိပ် ပြီးရင် System ဆိုတာကို
တစ်ချက်နှိပ်ပြီးဖုန်းကို Reboot ချပေးလိုက်ပါ


ဖုန်းက ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Facebook/Viber/
 WhatsApp/Youtube စသည့် Social Media apps များနဲ့ 
Brower မှာ မြန်မာစာ 100% အမှန်မြင်နေရပါလိမ့်မယ်။




အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 



Lava A1 Android Version 5.1 ကို Root ဖောက်ပြီး မြန်မာစာအမှန်ထည့်နည်း Reviewed by ဇူးနစ် on 10:49 PM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.