Top Ad unit 728 × 90

Description of Image

latest News

recent

Micromax Canvas Xpress 4G Q413 ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်း


Micromax Canvas Xpress 4G Q413 ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
Flash Tool ဖြင့် CWM Recovery ကိုအရင် ထည့်သွင်းပြီးမှ Recovery Mode ကနေ
ှSuperSu.zip ဖိုင်ဖြင့် အလွယ်တကူ Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
=========
၁။ ဖေါ်ပြပါ Root လုပ်နည်းသည် Micromax Canvas Xpress 4G Q413 ဖုန်းအတွက် 
သီးသန့်ဖြစ်ပြီး Android Version 5.1 အတွက်သာဖြစ်ပါတယ်။

တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။

၂။ မိမိဖုန်းမှာ Flash Tool ဖြင့် CWM Recovery ကိုအရင် ထည့်သွင်းရမှာပါ။






Install CWM Recovery
===============
အပေါ်မှာပေးထားတဲ့ လိုအပ်တဲ့ဖိုင်များကို ဒေါင်းလော့ရယူပါ

ကွန်ပျူတာတွင် လိုအပ်မယ့် USB VCOM driver ကိုထည့်သွင်းရေးရမှာပါ
ဒီအတွက် ဒေါင်းလော့ရလာတဲ့ Driver rar ဖိုင်ကို zip ဖြည်လိုက်ပြီး 
"Install.bat" ဖိုင်ကို Run as administrator ဖြင့် Run ပေးလိုက်ပါ။

ဖုန်းတွင် USB Debugging ကို Enable ပြုလုပ်ထားပါ

ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်လိုက်ပြီး ဒေါင်းလော့ရလာတဲ့
adb rar ဖိုင်မှာ "command.bat ကို ဖွင့်လိုက်ပါ။

"Comannd Box" ထဲတွင် "adb reboot recovery" ဆိုပြီးရိုက်ထည့်ပြီး
ကီးဘုတ်မှ Enter ကိုတစ်ချက်ခေါက်ချလိုက်ပါ။

Flash process တစ်ခုပြုလုပ်နေတုန်း ခနစောင့်နေလိုက်ပါ

အားလုံးပြီးသွားတဲ့အခါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ CWM Recovery ကိုထည့်သွင်းပြီးပါပြီ။


Install CWM Recovery Using Flash Tool
=========================
အပေါ်မှာပေးထားတဲ့ လိုအပ်တဲ့ဖိုင်များကို ဒေါင်းလော့ရယူပါ

ဖုန်းကို ပါဝါပိတ်ပြီး ဘက်ထရီကိုဖြုတ်လိုက်ပါ၊ ဖြုတ်မရတာကိုတော့
ဖြုတ်နေစရာမလိုပါ၊ ပြီးရင် SP Flash Tool zip ကိုဖြေလိုက်ပြီး ဖွင့်လိုက်ပါ။

Flash Tool မှ scatter loading ကိုတစ်ချက်နှိပ်ပါ၊ ပြီးရင်
“recovery-cwm.IMG” ဖိုင်ကို ရွေးချယ်ပြီး Open ကိုနှိပ်လိုက်ပါ။

Recovery နေရာတွင် အမှန်ခြစ်ပေးထားပြီး Download ဆိုတာကိုနှိပ်ပါ
ပြီးရင် ဖုန်းမှ Battery ကိုဖြုတ်ထားပြီး Volume Down or up key ကိုနှိပ်ထားပြီး
USB ကြိုးဖြင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်ပါ၊ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့
Flashing process တစ်ခု ရေးသွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ။

ပြီးသွားတဲ့အခါ Download OK ဆိုပြီးမြင်နေရပါလိမ့်မယ်
သင့်ဖုန်းမှာ CWM Recovery ကိုထည့်သွင်းပြီးပါပြီ။


SuperSU-update.zip ဖြင့် Root ပြုလုပ်နည်း
===========================
၁။ ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ။

၂။ SuperSU-update.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။

၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ 

၎။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။

၅။ SuperSU-update.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။

၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။

၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။






အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 



Micromax Canvas Xpress 4G Q413 ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်း Reviewed by ဇူးနစ် on 11:56 AM Rating: 5

1 comment:

  1. vivo y31L root လုပ်နည်းလေးတင်ပေးပါလားအကို

    ReplyDelete

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.