Top Ad unit 728 × 90

Description of Image

latest News

recent

Motorola Moto G XT1032 ဖုန်းအတွက်ဗားရှင်း Android 5.1 Root လုပ်နည်း


Motorola Moto G XT1032 ဖုန်းအတွက်ဗားရှင်း Android 5.1 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
Fastboot Mode ကနေ Auto Root ဖိုင်ဖြင့် Run ပေးပြီး Root လုပ်ယူနိုင်ပါတယ်။


လိုအပ်ချက်များ
==========
ဖေါ်ပြပါ Root လုပ်နည်းသည် Motorola Moto G XT1032 ဖုန်းအတွက်
သီးသန့်ဖြစ်ပြီး Android version 5.1 အတွက်ပဲဖြစ်ပါတယ်။

မိမိဖုန်းမှာ Bootloader ကို Unlock ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းကို Full Backup ပြုလုပ်ထားသင့်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။


ကွန်ပျူတာအတွက်လိုအပ်မယ့် USB Driver ဆိုင်ရာ install ပြုလုပ်နည်းကို
အောက်ကလင့်မှာဝင်ပြီးလေ့လာကြည့်လိုက်ပါ။





How to Root Moto G XT1032
===================
အပေါ်မှာပေးထားတဲ့ Motorola Moto G CF-Auto-Root ဖိုင်ကိုအရင်ဒေါင်းလော့ရယူပါ

ပြီးရင် ကွန်ပျူတာတွင် လိုအပ်မယ့် adb usb driver ဆိုင်ရာကို သေချာအောင်ပြုလုပ်ထားပါ
ဒေါင်းလော့ရလာတဲ့ CF-Auto-Root ဖိုင်ကို ဖြည်လိုက်ပြီး၊ ဖုန်းကိုပါဝါပိတ်လိုက်ပါ။

Volume Up + Volume Down + Power များကိုတွဲနှိပ်ပြီး Fastboot mode သို့ဝင်လိုက်ပါ

ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပြီး ကွန်ပျူတာက ဖုန်းကိုသိပြီဆိုတာနဲ့ zip ဖြည်ထားတဲ့
CF-Auto-Root ဖိုင်ထဲမှ Rooting script file ဖိုင်ကို Run ပေးလိုက်ပါ။

Root လုပ်နေတုန်း ခနစောင့်နေလိုက်ပါ၊ အားလုံးပြီးသွားရင်တော့ဖုန်းကို Reboot ချပေးလိုက်ပါ။


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 


www.zunite.org


Motorola Moto G XT1032 ဖုန်းအတွက်ဗားရှင်း Android 5.1 Root လုပ်နည်း Reviewed by ဇူးနစ် on 10:34 AM Rating: 5

No comments:

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.