Samsung Galaxy S4 LTE Advanced i9506 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Samsung Galaxy S4 LTE Advanced i9506 ဖုန်းကို
TWRP Recovery ထည့်သွင်းနည်းကိုတင်ပေးလိုက်ပါတယ်။
ဒီဖုန်းကို TWRP ထည့်သွင်းမယ်ဆိုရင်တော့ အသင့်ထွက်ရှိထားတဲ့
TWRP ဖိုင်ကို Odin ကနေ အလွယ်တကူ Flash ပေးပြီးထည့်သွင်းနိုင်ပါတယ်။
ဖုန်းကို Custom Rom များတင်သုံးချင်တာပဲဖြစ်ဖြစ် Facebook/Viber/
WhatsApp/Youtube စသည့် Social Media apps များနဲ့ Brower မှာ မြန်မာစာ
100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းပြီးမှ အဆင်ပြေပါတယ်။
လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Galaxy S4 LTE Advanced i9506 ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်၊
TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
Odin ကိုဖွင့်ပါ PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy S4 LTE Advanced i9506 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း
Reviewed by ဇူးနစ်
on
9:32 AM
Rating:

No comments: