Samsung Galaxy S6 Edge SM-G925K Marshmallow 6.0.1 Rom တင်နည်း
Galaxy S6 Edge SM-G925K ဖုန်းအတွက် အားလုံးစောင့်စားနေကြတဲ့
Marshmallow 6.0.1 Rom တင်နည်းကို တင်ပေးလိုက်ပါပြီ။
ဒီဖုန်းအတွက် Marshmallow 6.0.1 Rom ကတော့ Official ဖြစ်ပါတယ်
နောက်ဆုံးဆိုတာကို နှစ်သက်တတ်တဲ့သူတွေအတွက် အလန်းဆုံး Rom ကို
Official အတိုင်း တင်ယူနိုင်ပါပြီ၊ ပုံမှန်အတိုင်း Odin Flash Tool ဖြင့် တင်ယူနိုင်ပါတယ်။
How to Install Only tar.file Firmware
=========================
ဖုန်းမှာ OEM & USB Debugging Mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ 6.0.1 Marshmallow ကိုတွေ့မြင်ရပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Samsung Galaxy S6 Edge SM-G925K Marshmallow 6.0.1 Rom တင်နည်း
Reviewed by ဇူးနစ်
on
9:15 AM
Rating:

No comments: