Top Ad unit 728 × 90

Description of Image

latest News

recent

Samsung Galaxy S7 ဖုန်း SM-G930F,G930FD,G930X,G930S,G930W9 များကို TWRP Recovery ထည့်သွင်းနည်း


Samsung Galaxy S7 ဖုန်းအတွက် အောက်ပါ Models များကို
Twrp Recovery ထည့်သွင်းအသုံးပြုချင်တဲ့ ညီအကိုများအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Samsung Galaxy S7 ဖုန်းအတွက် SM-G930F,G930FD,G930X,
G930S,G930W9 များကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့
နောက်ဆုံးထွက် twrp-3.0.0-0 ဖြင့် Odin ကနေအလွယ်တကူ Flash ပေး
ယူရမှာပဲဖြစ်ပါတယ်။


ဖုန်းကို Custom Rom များတင်သုံးချင်တာပဲဖြစ်ဖြစ် Facebook/Viber/
WhatsApp/Youtube စသည့် Social Media apps များနဲ့ Brower မှာ မြန်မာစာ
100% မှန်အောင် မြင်ရဖို့က ဒီ TWRP Recovery ထည့်သွင်းပြီးမှ အဆင်ပြေပါတယ်။

လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy S7 ဖုန်း Models အားလုံး အတွက်သီးသန့်ဖြစ်ပါတယ်၊
တစ်ခြားဖုန်းများတွင် ထည့်သွင်းအသုံးပြုခြင်းကို လုံးဝမပြုလုပ်ပါရန်။


လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin 

Samsung USB Driver for Windows



TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

Odin ကိုဖွင့်ပါ  PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။



အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ) 




Samsung Galaxy S7 ဖုန်း SM-G930F,G930FD,G930X,G930S,G930W9 များကို TWRP Recovery ထည့်သွင်းနည်း Reviewed by ဇူးနစ် on 8:03 AM Rating: 5

2 comments:

  1. အကို​ရေ samsung galaxy S7 မှာမြန်​မာ​ဖောင့်​ဘယ်​လိုထည့်​ရမလဲညွှန်​ပြ​ပေးပါအုံးဗျာ....​ကျေးဇူးတင်​ပါတယ်​ root စရာမလိုပဲထည့်​နည်း​လေး
    Version 6.0.1 ပါ

    ReplyDelete
    Replies
    1. မိမိဖုန်းကို Root access အရင်ရယူလိုက်ပါ ပြီးရင် ဖုန်းကို TWRP Recovery ထည့်သွင်းပါ အဆိုပါ လိုအပ်ချက်နှစ်ခုနဲ့
      ပြည့်စုံပြီးရင်တော့ ZawGyi 3.0 Beta2 zip ဖိုင်ကို SD Card သို့ကူးထည့်ပြီး Custom Recovery Mode သို့ဝင်ပြီး Flash ပေးလိုက်ရုံပါပဲခင်ဗျား

      Delete

All Rights Reserved by ဇူးနစ်(နည်းပညာ) © 2015 - 2016
Powered By www.zunite.org, Designed by ဇူးနစ်

Contact Form

Name

Email *

Message *

Powered by Blogger.